Marina ဟာ အတန်းထဲမှာ အမြဲအဆင့်တစ်ရတဲ့အထက်တန်းကျောင်းသူလေးတဦးပါ။ သူ့အမေက လမ်းမလျှောက်နိုင်တဲ့ မသန်စွမ်းဒုက္ခိတဦးဖြစ်ပြီးသူ့အဖေကတော့ ကြေးစားလူသတ်သမားပါ။ ဒီလိုနဲ့သူ့ဖခင်ဟာ မစ်ရှင်တခုမှာ အသတ်ခံလိုက်ရပြီးမိသားစုတာဝန်တွေက Marina ရဲ့ ပခုံးပေါ်ကို ရောက်ရှိလာပါတယ်။လျင်မြန်စွာပြောင်းလဲသွားတဲ့ Marina ရဲ့ဘဝဟာဖခင်ဖြစ်သူရဲ့လုပ်လက်စ ကြေးစားလူသတ်အလုပ်တွေကိုလျှိဝှက်စွာလုပ်ကိုင်ဖို ဖြစ်လာပါတော့တယ်။ သူ့ရဲ့ဖခင်ကိုသတ်သွားတဲ့ အလုပ်ရှင်ကို ပြန်လည်လက်စားချေဖိုအထက်တန်းကျောင်းသူ Marina တယောက် ဘယ်လိုတွေကြိုးစားမှာလဲ၊ လူမိုက်လောကထဲကို ဘယ်လိုဝင်ရောက်သွားမလဲ၊ ဒုက္ခိတဖြစ်နေတဲ့ မိခင်ကိုရော သူကာကွယ်စောင့်ရှောက်နိုင်ပါ့မလား၊ နောက်ဆုံးမှာ သူ့ရဲ့လက်တုံပြန်မှုက ဘယ်လောက်ထိ အောင်မြင်သွားနိုင်မလဲဆိုတာကိုဒီဇာတ်လမ်းထဲမှာ စီးမျောကြည့်ရှုခံစားရမှာဖြစ်ပါတယ်။
Log in to post a comment.
No comments yet. Be the first to comment!