90 Born တော်တော်များများ 1987 ခုနှစ်လောက်ကထွက်တဲ့ A Chinese Ghost Story ဇာတ်ကားလေးကိုသိကြမှာပါ ခုဒီဇာတ်ကားလေးကတော့ A Chinese Ghost Story ကို 2020 ခုနှစ်မှာ ပြန်လည်ဆန်းသစ်ထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်စာပေသမားလေးနင့်ချိုင်ချန်ဟာ မင်းနေပြည်တော်သို့ ပြည်နယ်စာမေးပွဲဖြေဖို့ သွားရာလမ်းမှာ ဘုံကျောင်းပျက်မှာတည်းခိုရင်း သောင်းကျန်းလှတဲ့ ကဝေများနဲ့တွေ့ဆုံခြင်းဖြစ်ပါတယ် သူ့ကိုဖမ်းစားဖို့လာတဲ့ကဝေမလေး နိရှောင်ချန့်ဟာ သူ့ရဲ့ရိုးသားပြီး ကူညီတတ်တဲ့စိတ်ရင်းလေးကြောင့် မသတ်ရက်ပဲ တစ်ယောက်နဲ့တစ်ယောက်စုံမက်မိသွားကြပါတယ်ဒါပေမယ့် ရှောင်ချန့်ရဲ့ဘွားဘွားကဝေအိုမကြီးက သူမကို တောင်မဲကဝေနတ်ဆိုးနဲ့လက်ထပ်ထိမ်းမြားဖို့ စီစဉ်ထားတဲ့အပြင် သန့်စင်တဲ့အဖိုဓာတ်ရှိတဲ့ စာပေသမားလေးကိုလိုချင်လို့ ကဝေမုဆိုးတွေနဲ့ယှဉ်ပြိုင်မှုတွေဖြစ်လာပါတယ် ဇာတ်လမ်းသဘောသဘာဝတူသော်ငြားလည်း ဇာတ်ကားဟောင်းနဲ့မတူဘဲ ပြောင်းလဲသွားတဲ့တစ်ချို့ဇာတ်ဝင်ခန်းတွေကြောင့် သဘောမတွေ့ဖြစ်နိုင်ပေမယ့် ကြည့်မိလို့စိတ်ပျက်စေမယ့်ကားမျိုးတော့မဟုတ်ပါဘူးနော် ပြီးတော့ ချစ်စရာကောင်းတဲ့ မင်းသမီး Eleanor Lee နဲ့ မင်းသား Chen Xingxu တို့အပြင် ဘွားဘွားကဝေအိုမကြီးနေရာမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသားကြီး Yuein Wah (ပိုးမင်းသားကြီး) ကြောင့် ဇာတ်လမ်းကပိုပြီးအသက်ဝင်နေပါတယ်
Log in to post a comment.
No comments yet. Be the first to comment!