၁၉၈၀ က လူတစ်ယောက်နဲ့ ၂၀၁၅ က လူတစ်ယောက် တစ်ယောက်အကြောင်းတစ်ယောက် အိပ်မက်တွေအပြန်အလှန်မက်ပြီး သူတို့နှစ်ယောက်ချိတ်ဆက်မိကြတယ်။ အတိတ်ဘဝကလူရဲ့ချစ်သူ အသတ်ခံရပြီး သူနဲ့ဆိုင်တဲ့ လူတွေလဲ တစ်ယောက်ပြီးတစ်ယောက် ပုံစံတစ်အမျိုးတည်းနဲ့ အသတ်ခံရပါတယ်။ ဒီလူသတ်သမားဟာ ယခုဘဝကလူရဲ့ချစ်သူကိုပါ သတ်ဖို့ ကြိုးစားလာပါတော့တယ်။ ဒါကို အရင်ဘဝကလူက ကြိုမြင်ပြီး..လူသတ်သမားကို လိုက်ဖမ်းဖို့ကြိုးစားပါတယ်။ အချိန်မတူတဲ့ လူနှစ်ယောက်…တစ်ယောက်ရဲ့ အနာဂတ်ကို တစ်ယောက်က ကြိုတင်မြင်နေကြပြီး သေလုမျောပါးပြေးလွှားရမယ့်အဖြစ်က ဘယ်လောက်ထိစိတ်လှုပ်ရှား ရင်ခုန်စရာကောင်းမယ်ဆိုတာ ခံစားကြည့်ရှုကြပါဦး။
Log in to post a comment.
No comments yet. Be the first to comment!