လူပျောက်လာတိုင်တဲ့ရှာကူဆိုတဲ့အမျိုးသမီးတစ်ယောက်နဲ့ အစပျိုးထားပြီး ပျောက်ဆုံးနေသူကတော့ သူ့ရဲ့ခင်ပွန်းဖြစ်သူပါ။ရှာကူတို့လင်မယားနှစ်ယောက်က သမီးလေးကိုတင့်တောင့်တင့်တယ် လက်ထပ်ပေးနိုင်ဖို့ စီရီကန်နူဆိုတဲ့လူဆီက ငွေချေးခဲ့ပေမဲ့ ကိုဗစ်ဖြစ်တာနဲ့ဘာနဲ့ အချိန်မီအပြည့်ပြန်မဆပ်နိုင်ပါဘူး။ ဒီလိုနဲ့ အကြွေးလာတောင်းတော့မှပဲ သူတို့ငွေချေးမိတာ မြေကွက်ကို မတရားသိမ်းတဲ့နေရာမှာနာမည်ကြီးတဲ့ သယာဂူဖြစ်နေမှန်း သိလိုက်ရပါတော့တယ်။ဒီလိုနဲ့ မြေကွက်ကိုပါထပ်အပေါင်ထားပြီး အချိန် ၆ လထပ်တိုးတောင်းလို့ အကြွေးဆပ်ရမယ့်နေ့မှာ ငွေသွားထုတ်တဲ့ရှာကူယောက်ျားဆဲကရန်တစ်ယောက် အစအနရှာမရအောင် ပျောက်သွားတဲ့အခါ…. သယာဂူမကောင်းမှန်း မာဒူရိုင်တစ်ခုလုံးသတင်းလှိုင်နေပေမဲ့ နိုင်ငံရေးနောက်ခံတောင့်တဲ့သယာဂူကို ဘယ်သူမှမထိပါးရဲကြပါဘူး။ ဒီလိုနဲ့ ရှာကူတိုင်ချက်ဖွင့်တာကို စခန်းက အင်စပက်တာက ကြားပြီး အမှုကိုလက်ခံဖို့ ဆုံးဖြတ်လိုက်ချိန်မှာတော့….ဆဲကရန်ကရော ဘယ်ရောက်သွားတာလဲ။ ဆဲကရန်ကိုအကြောင်းပြုပြီးဖြစ်လာတဲ့ အင်စပက်တာနဲ့သယာဂူတို့ရဲ့ အားပြိုင်မှုကရော ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားကြပါဦး။
Log in to post a comment.
No comments yet. Be the first to comment!