အမေရိကန်နဲ့ တရုတ်က ဂျပန်နဲ့စစ်ဖြစ်နေချိန် (1947)မှာ ဇာတ်အိမ်တည်ထားတယ်တရုတ်မုဆိုးမတယောက်က မိမိတို့နိုင်ငံနဲ့မဟာမိတ်ဖြစ်တဲ့ အမေရိကန်လူမျိုးစစ်သားတစ်ဦးကို အသက်ဘေးမှကာကွယ်စောင့်ရှောက်ရင်း မေတ္တာသက်ဝင်ခဲ့တဲ့ အချစ်ဇာတ်လမ်းကိုပါ ရိုက်ပြထားတယ်တရုတ်လူမျိုးတွေရဲ့ သစ္စာစောင့်သိမှုကိုလဲ အသားပေးရိုက်ကူးထားပါတယ် သရုပ်ဆောင်တွေအားလုံးကလည်း သရုပ်ဆောင်ပိုင်းမှာ အသီးသီးတာဝန်ကျေပါတယ်Soldier Jackနေရာက သရုပ်ဆောင်တဲ့ Emile ရော မုဆိုးမသမီးနေရာက NuNu ရောပီပြင်ကြတယ် အထူးပြောရရင် Liu yifei က မုဆိုးမYingရဲ့ roleကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ပြသွားတာကို သဘောအကျဆုံးပါပဲ။ခင်ပွန်းမရှိတော့တဲ့အချိန်မှာ သမီးနဲ့ယောက္ခမတွေကို ကျွေးမွေးထားရတဲ့ မုဆိုးမလေး…ဒီလောက်တာဝန်ကျေတာကိုတောင် ယောက္ခမဘက်က မိမိသိက္ခာကိုထိပါးလာတဲ့အခါမှာ ခံစားရတဲ့ mood.. နောက်ပြီးမုဆိုးမတစ်ယောက်ရဲ့ နိုင်ငံအပေါ်သစ္စာစောင့်သိမှုနဲ့မိတ်ဆွေအစစ်ဆိုရင် အသက်ပေးပီးကာကွယ်သွားတယ်ဆိုတာကို ရင်ထဲနင့်နေအောင် သရုပ်ဆောင်ပြနိုင်တယ်။ဒါကြောင့်လဲ Shanghai international film festival မှာ best actress nomination ဝင်ခဲ့တာဖြစ်ပါမယ်။
Log in to post a comment.
No comments yet. Be the first to comment!