ရှောင်နိုင်ဟာ ချင်တက္ကသိုလ်ရဲ့ ဥာဏ်ကြီးရှင် ဖြစ်ပြီး အဖက်ဖက်ကပြည့်စုံထူးချွန်တဲ့ တစ်ကျောင်းလုံးရဲ့King ပါ တစ်နေ့မှာတော့ ရှောင်နိုင်က ထက်မြက်ပီး ထူးချွန်တဲ့ ကွန်ပျူတာသိပ္ပံဌာနရဲ့Queen လေး ပေဝေဝေ နဲ့ Internet Cafe တစ်ခုမှာ အမှတ်မထင်တွေ့ဆုံခဲ့ပါတယ် A Chinese Ghost Story ဆိုတဲ့ Game ကို ကျွမ်းကျွမ်းကျင်ကျင် PKတိုက်နေတာမြင်ပြီး မြင်မြင်ချင်း ချစ်မိသွားခဲ့တယ် ရှောင်နိုင်ဟာ ACGSဂိမ်းရဲ့ Top player ထဲမှာ Top1အဆင့်ရှိ ကစားသမားတစ်ဦးဖြစ်ပီး ပေဝေဝေဟာTop10ဝင်တဲ့ ၁ဦးထဲသောအမျိုးသမီးဖြစ်တယ် ကံကြမ္မာရဲ့တိုက်ဆိုင်မှုကြောင့် မြင်မြင်ချင်းချစ်မိသွားတဲ့ ရှောင်နိုင်တစ်ယောက် ဂိမ်းထဲကနေ ပေဝေဝေရဲ့ အချစ်တွေကိုဘယ်လိုအရယူမလဲ? ဒါ့အပြင်ရှောင်နိုင်နဲ့ပေဝေဝေတို့ရဲ့အခန်းဖော် သူငယ်ချင်းသံယောဇဉ်နဲ့ သူတို့Friendshipကြား အထင်လွဲမှားမှုတွေကြောင့် တစ်ယောက်ပေါ်တစ်ယောက် ထားရှိတဲ့ သံယောဇဉ်တွေပြောင်းလဲသွားမလား? ဒီဇာတ်ကားလေးက အချစ်နဲ့သံယောဇဉ်တွေအကြောင်းကို အသားပေးရိုက်ကူးထားပီး Relationshipတစ်ခုမှာ ယုံကြည်မှုဟာဘယ်လောက်အရေးပါလဲဆိုတာ တွေ့မြင်ရမယ့် Romance Dramaလေးဖြစ်တာမို့ ကြည့်ရှု့သူတွေကို စိတ်ကျေနပ်စေမှု 100% အကြိုက်တွေ့စေမယ့် ဇာတ်ကားကောင်းလေးပါ
Log in to post a comment.
No comments yet. Be the first to comment!