ခေတ်ပြောင်းတော်လှန်ရေးမှာလူတွေကဘုရားကျောင်းကို ယုံကြည်ကိုးကွယ်တာနည်းလာကြတယ်။ ဒီတော့ အစွန်းရောက်ပြီးဘာသာရေးအာဏာကို ဆက်လိုချင်တဲ့ဘုန်းတော်ကြီးတစ်စုက မကြံကောင်းမစည်ရာကြီးတစ်ခုကို ကြံစည်လိုက်တယ်။ အဲဒါကတော့အန္တိခရစ်တော်ကို မွေးဖွားဖို့ပါပဲ။ ယေရှုခရစ်တော်ဟာဘုရားသခင်ရဲ့ လူသဏ္ဍာန်လို့ ယုံကြရင်အန္တိခရစ်တော်ဟာ စေတန်ရဲ့ လူသဏ္ဍာန်ပါပဲ။ခရစ်တော်ကဘုရားရဲ့ သားတော်ဆိုရင် အန္တိခရစ်ကစေတန်ရဲ့ သားပါပဲ။ ဘုန်းကြီးတွေရဲ့အကြံကမကောင်းဆိုးဝါးကိုမွေးပြီး ထိန်းချုပ်မယ်၊တစ်ကမ္ဘာလုံး ဒီကလေးကြောင့် ဒုက္ခရောက်အောင်လုပ်မယ်၊ ဒီတော့မှ လူတွေက ဘုရားကျောင်းတွေကိုပြန်ပြီး ယုံကြည်ကိုးကွယ်လာမယ်၊ သူတို့ တန်ခိုးပြန်ထွားလာမယ်လို့ ယုံကြည်ကြတာပါ။အဲဒီကြောက်စရာကိစ္စတွေမှာ အပြစ်မဲ့တဲ့မိန်းကလေးတွေဘယ်လိုကြားညပ်ပြီး ရင်ဆိုင်ကြရမလဲကြည့်ရမှာပါ။
Log in to post a comment.
No comments yet. Be the first to comment!