<br>Trail of Blood မှာ မြွေကြီးကဘယ်ကနေပေါ်ပေါက်ခဲ့မှာလဲဆိုတော့ ဆေးဘက်ဆိုင်ရာ ပညာရှင် Peter ရဲ့ စမ်းသပ်ခန်းထဲကပါ Peter က အရမ်းချမ်းသာတဲ့လူတစ်ယောက်ရဲ့ အရိုးကင်ဆာကို ကုသပေးဖို့ပန်းတစ်မျိုးဆီကရတဲ့အရည်ကို ဗီဇအဆင့်မြှင့်ပြီး Serum ထုတ်နေတာပါ သူ့ရဲ့serum အလုပ်ဖြစ်မဖြစ် ဒီမြွေနဲ့စမ်းသပ်ခဲ့ပါတယ် ဒီလိုနဲ့ serum ကအရမ်းတွေ ထိန်းမရသိမ်းမရ အလုပ်ဖြစ်သွားတဲ့အခါ မြွေကြီးက anaconda ကြီးဖြစ်သွားတယ်ပေါ့ဗျာအဲ့ဒီအချိန် တောထဲကို မတူညီတဲ့ရယ်ရွယ်ချက်တွေနဲ့ လူတွေရောက်လာပါတယ် မထင်မှတ်ဘဲဒီလူတွေ ပေါင်းစုမိသွားပြီး ဒီလိုမြွေကြီးက ဒီလူတွေကို ဘယ်လိုအန္တရာယ်ပေးမလဲ လူတွေက ဘယ်လိုခြေမှုန်းမလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းစွာနဲ့ ကြည့်ရှုရမှာပါ2009 ခုနှစ်က ထွက်ထားတဲ့ကားဆိုတော့ CGI တွေက အဲ့ဒီခေတ်ရဲ့အကောင်းဆုံးစနစ်နဲ့လုပ်ထားတာပါ ဆိုတော့ ကျွန်တော်တို့ 2009 ခုနှစ်ကခံစားချက်ကို ပြန်ရမှာနော် အရင်တုန်းက အိမ်မှာ မိသားစုတွေဝိုင်းကြည့်ခဲ့ကြတဲ့ဧရာမမြွေကားပေါ့ ရုပ်ရှင်ကြည့်ပြီး အိပ်တာတောင် ဒီမြွေကြီး ငါ့ဆီရောက်လာရင် ဘယ်လိုလုပ်ရပါ့မလဲဆိုပြီး ရင်တွေတုန်ခဲ့ရတဲ့ ငယ်ငယ်တုန်းကဇာတ်ကားလေးဆိုတော့ ကြည့်ရှူကြည့်ရအောင်ပါ
Log in to post a comment.
No comments yet. Be the first to comment!