ဒီကားကတော့ The Four သုံးကားထဲမှာ နောက်ဆုံး ကားပဲ ဖြစ်ပါတယ်။ပထမကားနဲ့ ဒုတိယကားကို မကြည့်ဖူး ရင် သိပ်သဘောပေါက်လောက်မှာ မဟုတ်လို့ ပထမ နှစ်ကားကို ကြည့်ဖို့ အကြံပြုချင်ပါတယ်။ဇာတ်လမ်းကို နည်းနည်း ပြန် မိတ်ဆက်ပေးရမယ်ဆိုရင်တော့ ဒုတိယကားထဲမှာ မိသားစုအကြောင်း အမှန်တရားကို ရှောင်ယွယဲ့ (Yifei Liu) က သိရှိသွားခဲ့ပြီး ကျူးကယ်ကျုံး နဲ့ သံလက်တို့ကို စိတ်ပျက်သွားခဲ့ပါတယ်။လန်လင်ကျီး လဲထို့အတူပါပဲ ဒါပေမဲ့ သူက ရှေင်ယွယဲ့ အပြင် ဋ္ဌာနခြောက် က ကျိယောင်ဟွာတို့နဲ့လဲ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းဖြစ်နေပြန်ပါတယ်။ကျိယောင်ဟွာ တစ်ယောက်ကတော့ သခင်အန်းဆိုတဲ့ လူရဲ့ အမိန့်ကို မလွန်ဆန်နိုင်ဖြစ်နေတာပါ။ သခင်အန်းတစ်ယောက်ကတော့ သူ့သားအတွက် လက်စားချေဖို့ အတွက် ဋ္ဌာနခြောက် ဆန်ဟုန်ဖူတို့ အပြင် မင်းကြီး အရိုက်အရာကိုပါရယူချင်နေတာပါ။ ဒီလိုနဲ့ တစ်ရက်မှာ မင်းကြီးတစ်ယောက် သာမန်အဝတ်အစားနဲ့ တိုင်ခန်းလှည့်လည်ရင်း အဖမ်းဆီးခံလိုက်ရပါတယ်။ ဒီအချိန်မှာပဲ သခင်အန်းက ထီးနန်း ရယူဖို့ ကြိုးစားပါတော့တယ်။ စွမ်းအင် ကြီးမားလှတဲ့ သူ့ကို The Four လေးယောက် ဘယ်လိုများအနိုင်ယူမလဲဆိုတာကို စိတ်ဝင်မစားကြည့်ရှု့ရမှာဖြစ်ပါတယ်။
Log in to post a comment.
No comments yet. Be the first to comment!