ဗန် ဒါ ကွိုင်း မိသားစုဟာ မြို့ကြီးတစ်မြို့လုံးကိုချုပ်ကိုင်ထားတဲ့ အာဏာရှင်တွေပါ။ နှစ်တိုင်းမြို့သူမြို့သားတွေ မတော်လှန်ရဲစေဖို့ ကားလင်းပွဲဆိုတာလုပ်လေ့ရှိတယ်။ အဲဒါကတော့ မြို့ထဲကနေ သူ့ကိုဆန့်ကျင်ချင်တဲ့လူတွေကို ရှာပြီး အစုလိုက်အပြုံလိုက်ရှင်းပစ်တာပါပဲ။ အဲဒီလိုပွဲကြောင့် မိသားစုတစ်ခုလုံးဆုံးရှုံးသွားတဲ့ နားမကြား ကောင်လေးတစ်ယောက်ဟာတောထဲမှာ ဆရာကြီးတစ်ယောက်နဲ့ သိုင်းတွေကျင့်ပြီးလက်စားချေဖို့ မြို့တက်လာပါတယ်။ဇာတ်လမ်းအစကတည်းက မျိုးစုံတလွဲတွေဖြစ်ပြီးအသားကုန် ချကြတာ အဆုံးအထိပါပဲ။ အက်ရှင် ဟာသကောင်းကောင်းကြည့်ချင်ရင် သေချာပေါက်ကြည့်ဖြစ်အောင်သာကြည့်ပါ။
Log in to post a comment.
No comments yet. Be the first to comment!