ပြောပြရရင်တော့ ပထမကားမှာ ငွေအတု ကိစ္စ ကို နောက်ကွယ်က ကြိုးကိုင်နေတဲ့ အန်ရှီကျန်းကို နှိမ်နှင်းပြီးတဲ့ နောက်မှာ တော့ ဆန်ဟုန်ဖူ(ဒီဗိုင်းအဖွဲ့) ဟာဆိုရင် နေပြည်တော် တစ်ဝိုက်မှာ ဋ္ဌာန ခြောက် ထက်ကို ပိုပြီး အလေးပေး ခြင်းကို ခံလာရပါပြီ။ ပြည်သူတွေက လည်း အားကို တကြီးပေါ့။ဒီလိုအချိန်မှာပဲ ပထမကားက ဗီလိန် အန်ရှီကျန်းက မသေသေးပဲ သစ်ပင်တစ်ခုကို ကပ်ပါး ဘဝနဲ့ မှီခို နေရပါတယ်။သူ့သားဒီလို ဘဝကို ရောက်သွားလို့ မကျေမနပ်နိုင်ဖြစ်နေသူကတော့ လူကြီမင်း အန်းပါ။သူက ဆန်ဟန်ဖူ နဲ့ ဋ္ဌာန ခြောက်တို့ကို လက်စားချေဖို့ အကွက်ကျကျ စီစဉ် ပါတော့တယ်။တစ်ဖက်မှာလည်း ဆန်ဟုန်ဖူ မှာ အကွဲအပြဲတွေ ဖြစ်ဖို့ အကြောင်းဖန်လာပါတော့တယ်။လူသတ်မှု့ ကို စုံစမ်းရင်း လွန်ခဲ့တဲ့ ၁၂ နှစ်က မိသားစု တစ်ခု အသတ်ခံရတဲ့ အကြောင်း အရင်ပေါ်ပေါက်လာပါတယ်။အဲ့မိသားစုက သူတို့ အဖွဲ့ထဲက တစ်ယောက်ရဲ့ မိသားစုဖြစ်နေတဲ့အခါ။ ရှီ လူကြီမင်းက သူ့သားအတွက် ဘယ်လို အကွက်ကျကျ လက်စားချေမလဲ …..ဆန်ဟုန်ဖူ အဖွဲ့ ကကော ဘယ်လို ဆက်ဖြစ် မှာလဲ ဆိုတာတွေ ကို စိတ် ဝင်စားဖွယ် ကြည့်ရှု့ရမှာပါ။
Log in to post a comment.
No comments yet. Be the first to comment!