ဒေါက်တာဂျွန်ဘိုက်ရွန် ဂေါ်ဒွန်မစ်ချယ် ဆမ်ရော်ဂျာ ဂေးစထရင်း ကိုးလ်ဘားရစ်တို့နဲ့အတူ ဒေါက်တာဘန်ဒေါက်ဂလပ်စ်တို့ဟာ နယူးယောက်ခ်မြို့ရဲ့ ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ ဝက်ဆဲဟော ရဲ့ရန်ပုံငွေနဲ့ အင်ဒိုနီးယားနိုင်ငံ ဘော်နီယိုမှာရှိတဲ့ တောထဲကို ပန်းရှာဖို့ထွက်လာခဲ့ပါတယ်ဒီပန်းဟာလည်း တစ်ခြားတော့မဟုတ်ပါဘူး လူ့သက်တမ်းတွေကိုဆွဲဆန့်ထားနိုင်တဲ့အစွမ်းရှိတဲ့ တစ်နည်း အသက်ရှည်နုပျိုနေနိုင်တဲ့ အနီရောင်သစ်ခွပန်းပဲဖြစ်ပါတယ်ဒီပန်းထဲမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ လူ့သက်တမ်းကိုရှည်ပြီး ငယ်ရွယ်နုပျိုနေစေနိုင်တဲ့ အစွမ်းရှိတဲ့ဆေး ဖော်စပ်ရာမှာ အသုံးပြုရမှာပဲဖြစ်ပါတယ် သူတို့ဟာပန်းရှိရာတောနက်ထဲကိုရေကြောင်းလမ်းကနေသွားဖို့လှေငှားရင်းနဲ့ပဲ ကပ္ပတိန် ဘေလ်ဂျွန်ဆင်နဲ့သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ထရန်ဝူတို့နဲ့ဆုံခဲ့ပါတယ်ကပ္ပတိန်ဘေဟာသူတို့ကိုအန္တရာယ်ကင်းကင်းခေါ်ဖို့ကြိုးစားရာကနေ မတော်တဆရေတံခွန်အောက် ပြုတ်ကျရာမှစပြီး တစ်ဖွဲ့လုံးငါးပါးမှောက်ကာ မြွေကြီးနဲ့တိုးတဲ့အထိဖြစ်လာခဲ့ပါတော့တယ် ကပ္ပတိန်ဘေလ်ဂျွန်ဆက်နဲ့အဖွဲ့ဟာ မြွေကြီးတွေရန်ကနေပဲ လွတ်မလား သစ်ခွပန်းအနီတွေကိုပဲပိုက်ပြီးပြန်ရမလား ဘယ်သူတွေကအသက်ရှင်နိုင်ကြမလဲ ဘယ်သူတွေရှောဘရားသားဘောကားမလဲဆိုတာကတော့ ဆက်လက်ပြီးရင်ခုန်စိတ်လှုပ်ရှားပေးပါဦးဗျာ့
Log in to post a comment.
No comments yet. Be the first to comment!