ဟော်လီးဝုဒ်ရဲ့ အက်ရှင်စတားတွမ်ခရုစ်ကို မှီညှမ်းထားတဲ့ တွမ်ရိုက်ဒါဟာ နာမည်ကြီးသရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး ကို့ထ်ဆီဗာ တစ်ဖြစ်လဲRyan Gosling ကသူ့ရဲ့ အားအကိုးရဆုံး စတန့်သမားပေါ့..ကင်မရာကိုင်တဲ့ ဂျိုဒီနဲ့ ကို့ထ်ဆီဗာတို့က ချစ်သူတွေဖြစ်ပြီးတစ်နေ့ ကို့ထ်ရဲ့ရိုက်ကွင်းမတော်တဆ ပြုတ်ကျမှုကြောင့်ခါးရိုးကျိုးသွားပြီး တစ်နှစ်လောက်နားလိုက်ရပါတယ်…သူ့ရဲ့စတန့်မင်းသားဘဝကနေပါ ဇာတ်မြှုပ်သွားပြီးတစ်နှစ်အကြာမှာ..ရည်းစားဟောင်း ဂျိုဒီဟာ ဟော်လီးဝုဒ်ရဲ့ နာမည်ကြီးရုပ်ရှင်ကားကြီးကို ဖန်တီးနေချိန် သူပြန်ပါဝင်ဖို့ အကြောင်းဖန်လာပါတော့တယ်…ဒါပေမယ့် မင်းသား တွမ်ရိုက်ဒါက ရိုက်ကွင်းကနေပျောက်ဆုံးသွားတဲ့အတွက် တွမ်နဲ့သူငယ်ချင်းလို ရင်းနှီးတဲ့ကို့ထ်ကို မင်းသားရှာပုံတော်လွှတ်လိုက်ရင်းနဲ့ နောက်ကွယ်ကအရှုပ်တော်ပုံတွေ အက်ရှင်ခန်းကြမ်းကြမ်းတွေနဲ့ဖန်တီးထားတဲ့ ရုပ်ရှင်ကားကောင်း တစ်ကားဖြစ်တဲ့အတွက်လက်မလွှတ်တမ်းစောင့်ကြည့်သင့်ပါတယ်…
Log in to post a comment.
No comments yet. Be the first to comment!