တက္ကသိုလ်ကျောက်းသူလေးတစ်ယောက် ရုတ်တရက်သူ့မွေးနေ့မှာ မနက်အိပ်ရာနိုးလာတော့ပုံမှန်လိုပဲတနေ့တာကုန်ဆုံးပေမဲ့ အဲဒီနေ့ညမှာ လူသတ်သမားတစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းခံခဲ့ရပါတယ်။ Happy Birthday မဖြစ်ဘဲ Happy Death Day ဖြစ်လာရတဲ့အကြောင်းအရင်းကတော့သူအသတ်ခံရပြီးပေမဲ့ အဲ့ဒီနေ့ သူ့မွေးနေ့မှာပဲ ပြန်နိုးလာပြန်ပြီး အရာရာတိုင်းကတပုံစံတည်းဖြစ်နေပါတယ်။ပြောရရင် သူ့မွေးနေ့မှာပဲ ပြန်ပြန်နိုးလာပြီး ညရောက်ရင်အသတ်ခံရလိုက် နိုးလာလိုက်နဲ့ Happy Death Dayကိုဆင်နွဲခဲ့ရတာပါ။ ပထမကားမှာ သူ့ကိုသတ်တဲ့လူကိုဖော်ထုတ်နိုင်ပြီး ဇာတ်သိမ်းသွားပေမဲ့ ဒီဒုတိယကားမှာတော့သူ့လိုဖြစ်တဲ့နောက်တစ်ယောက်ပေါ်လာပါတယ်။ အစကတော့ သူ့လိုနောက်တစ်ယောက်ဆိုပြီးကူညီပေးပေမဲ့ ကောင်းကြိုးထက်ဆိုးကြိုးများပြီးသူပါအရင်လိုပြန်ဖြစ်သွားပါတယ်။ ဒါပေမဲ့အရာရာက အသတ်ခံရတာကလွဲလို့ အရင်လိုမဟုတ်တော့ပါဘူး။ဘာတွေကွဲပြားသွားမလဲဆိုတာတော့ စိတ်ဝင်စားစရာပါ။ ေ့ရှကားမှာတော့ ဘာလို့နေ့တစ်နေ့ထဲမှာပိတ်မိနေရတာလဲဆိုတာကို ထည့်မပြထားဘဲ Mystery ဆန်ဆန်ထားခဲ့ပေမဲ့ ဒီကားမှာတော့ အေကြာင်းအရင်းကိုဖော်ပြထားပါ။ အဲ့ပြသနာအရင်းအမြစ်ကိုဖြေရှင်းမှပဲ သူလွတ်မြောက်နိုင်မှာပါ။ခုကားမှာတော့ Mystery ထက် Sci-Fi ဖက်နွယ်ပြီးသွားတဲ့အတွက် ပထမကားနဲ့မတူ အရသာအနည်းငယ်ကွဲသွားပါလိမ့်မယ်။
Log in to post a comment.
No comments yet. Be the first to comment!