တစ်ချိန်ချိန်မှာ လူသားတွေ အတ္တကြီးလာမယ် အချင်းချင်းတိုက်ခိုက်ကြမယ်ဆိုရင်တော့ရေကြီးမှု တွေ မုန်တိုင်းတွေ မီးလောင်တိုက်တွင်းမှုတွေ ငလျင်တွေ ရောဂါ တွေ ပို့လွှတ်ပြီး ပြန်ဖျက်စီးမှာ ဖြစ်ပြီးတာဝန်ပေးအပ်ချက်အရ အသက်ရှင်မယ့် လူသား ၂ ဦး နဲ့ သတ္တဝါအစုံ ဖိုမ ၂ ကောင်ဆီ ပြန်လည်ယူဆောင်သွားပြီး ကမ္ဘာအသစ် ပြန်လည်ဖန်ဆင်းပေးမှာ ဖြစ်ပါတယ်…ဒီရုပ်ရှင်ကားမှာတော့ ကမ္ဘာကို သိမ်းယူဖို့ ဖျက်စီးမရနိုင်တဲ့ အကောင်ကြီး တစ်ကောင် အရင်ပို့လိုက်ပါတယ်ပြီးနောက် သတ္တဝါပေါင်းစုံကို သိမ်းယူမယ့် အလင်းရောင် အလုံးကြီးတွေ ကမ္ဘာအနှံ့က နေရာအစုံကို ပစ်ချလိုက်ပါတယ်ပင်လယ်ထဲကိုလဲ ပစ်ချပါတယ် ဘယ် သတ္တဝါ တစ်မျိုးစီမှ မကျန်ရအောင် အကုန်ယူဆောင်သွားပါတယ်ဒီလို ယူဆောင်လို့ ပြီးသွားရင်တော့ ဖျက်ဆီးရေး လုပ်ငန်းစတင်မှာ ဖြစ်ပြီး ဘယ်သက်ရှိမှ ကမ္ဘာပေါ်မှာ ကျန်မနေခဲ့ရတော့ပါဘူး…ဒီလို ဖျက်စီးဖို့ အတွက်ကို ကမ္ဘာဖျက်ဖို့ ရောက်ရှိလာတဲ့သူက Klaatu လို့ နာမည်တွင်တဲ့ လူသားအသွင်ယူထားတဲ့ သူတစ်ဦးဖြစ်ပြီးသူ့ကိုပေးထားတဲ့ အမိန့်အတိုင်း အကုန်ဖျက်စီးရမှာပါ ဒါပေမယ့် သူ လူသားတွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး သူ့အပေါ် ဂရုစိုက်တဲ့သိပ္ပံပညာရှင် Helen Benson ရဲ့ အကူအညီ နဲ့ ထွက်ပြေးနိုင်ခဲ့ပြီး သူလာခဲ့တဲ့ မူရင်း ကမ္ဘာဖျက်မယ့် ကိစ္စ ကို Helen Benson ကိုပြောပြခဲ့ပါတယ် Helen Benson ကလဲ Klaatu ထင်သလို လူသားအားလုံး အတ္တကြီးတာ မဟုတ်ကြောင်း စာနာထောက်သားသင့်တဲ့အပြစ်မရှိတဲ့သူတွေ ရှိတဲ့အကြောင်း ရှင်းပြခဲ့ပါတယ် လူသားစိတ်မဟုတ်တဲ့ Klaatu က Helen Benson ရှင်းပြတာကို နားထောင်ပြီးကမ္ဘာဖျက်မယ့် အစီအစဉ်ကို ရပ်တန့်သွားမလား ဒါမှမဟုတ် မူလပထမ အစီအစဉ်တိုင်း ကမ္ဘာဖျက်ပြီး အားလုံးကို သတ်မလားဆိုတာတော့ဆက်လက်ကြည့်ရှုလိုက်ကြပါအုံး……………
Log in to post a comment.
No comments yet. Be the first to comment!