နယူးယောက်စီးတီးရဲ့မုန်တိုင်းထန်တဲ့ညတစ်ညမှာကောင်းကင်ကကျလာတဲ့အရာတစ်ခုဟာ အဆောက်အအုံတစ်ခုထဲကို ပြတင်းပေါက်ကနေဝင်ရောက်လာပါတယ်။အဲဒါက ဥတစ်ခုဖြစ်ပြီး အထဲကနေထူးခြားတဲ့ပင့်ကူတစ်ကောင်ပေါက်လာခဲ့ပါတယ်။ ဒီပင့်ကူကို ကာတွန်းတွေကိုစွဲလမ်းနေတဲ့ ၁၂ နှစ်အရွယ်မိန်းကလေးချားလော့တ်ကမွေးထားလိုက်ပါတယ်။ ပထွေးဖြစ်သူအီသန်က သမီးရင်းလိုချစ်ရတဲ့ချားလော့တ်ရဲ့စိတ်ကိုရဖို့အမျိုးမျိုးကြိုးစားနေခဲ့ပေမယ့်ချားလော့တ်ကတော့ အထီးကျန်သလိုခံစားနေရဆဲပါပဲ။ချားလော့တ်ရဲ့အမေနဲ့အီသန်ရဲ့ကလေးငယ်လေးရှိတဲ့အပြင်အလုပ်ကိုယ်စီနဲ့မအားလပ်ဖြစ်နေတဲ့မိဘတွေကြောင့်ချားလော့တ်ဟာ ပင့်ကူကိုသံယောဇဉ်တွယ်ပြီးစတင်းလို့ နာမည်ပေးမွေးမြူထားခဲ့တာဖြစ်ပါတယ်။ စတင်းရဲ့အလျင်အမြန်အရွယ်အစားကြီးထွားလာပုံကိုလည်းချားလော့တ်က သဘောကျနေခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖြည်းဖြည်းနဲ့စတင်းရဲ့သွေးကိုစားသုံးလိုစိတ်ဟာ ထိန်းချုပ်မရနိုင်ဖြစ်လာပြီးအိမ်နီးချင်းတွေရဲ့ တိရစ္ဆာန်တွေစတင်ပျောက်ဆုံးလာပါတယ်။နောက်ဆုံးမှာ အိမ်နီးချင်းတွေကိုယ်တိုင်ပျောက်ဆုံးလာပြီးချားလော့တ်နဲ့မိသားစုဝင်တွေဟာ လူသားစားရတာကိုခုံမင်လာတဲ့ဧရာမပင့်ကူကြီးနဲ့ရင်ဆိုင်တိုက်ခိုက်ကြရမှာပဲဖြစ်ပါတယ်။
Log in to post a comment.
No comments yet. Be the first to comment!