၁၉၃၉ ခုနှစ်စက်တင်ဘာလမှာ အီရန်နာနေထိုင်တဲ့ ပိုလန်ကိုဂျာမနီနဲ့ဆိုဗီယက်တွေက ကျူးကျော်ခဲ့ပြီးနောက်မှာတော့အီရန်နာအပါအဝင် ပိုလန်သူပိုလန်သားတွေအကုန်နေစရာအိမ် လုပ်ကိုင်စရာအလုပ်တွေနဲ့ အရေးအကြီးဆုံးလွတ်လပ်ခွင့်တွေ ပျောက်ဆုံးသွားခဲ့ရပါတော့တယ်။အဲ့ဒီနောက်ပိုင်း အီရန်နာကို ဂျာမန်စစ်စခန်းတစ်ခုမှာအတင်းအဓမ္မအလုပ်လုပ်ဖို့ စေခိုင်းခဲ့ပေမဲ့ အီရန်နာကစိတ်ဓာတ်ခွန်အားပြည့်၀ပြီး အလုပ်ကြိုးစားတတ်တဲ့အမျိုးသမီးတစ်ယောက် ဖြစ်တဲ့အတွက် သိပ်မကြာခင်မှာပဲဂျာမန်အရာရှိကြီးတစ်ယောက်ရဲ့ အိမ်မှာအိမ်တော်ထိန်းအဖြစ် အလုပ်ရသွားပါတော့တယ်။အဲ့ဒီမတိုင်ခင်ကသူက စက်ချုပ်ခန်းမှာရှိတဲ့ ဂျာမန်တွေအရမ်းမုန်းတီးပြီးနိမ့်ချဆက်ဆံကြတဲ့ ဂျူးတွေရဲ့ အလုပ်ခေါင်းဆောင်ဖြစ်ခဲ့ပါသေးတယ်။ ဂျာမန်တွေက သူတို့နေထိုင်ရာမြို့မှာဂျူးကင်းစင်သွားအောင် အကုန်သုတ်သင်ပစ်မဲ့အကြောင်းကိုအီရန်နာကြားသွားပြီး နောက်မှာတော့ အဲ့ဒီဂျူးတွေအားလုံးကိုသူအလုပ် သွားလုပ်ရမဲ့ ဂျာမန်အရာရှိကြီးရဲ့ အိမ်မှာ ဖွက်ထားပေးဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ အီရန်နာတစ်ယောက်မီးခဲကြီးကို လက်ထဲမှာကိုင်ထားရသလို ရင်တထိတ်ထိတ်နဲ့အိမ်ထဲမှာ ဂျူးတွေကို ဖွက်ထားပေးရင်း အီရန်နာနဲ့ဂျူးတွေအန္တရာယ်တွေကြားက ဘယ်လိုတွေအတူတူရင်ဆိုင် ကျော်ဖြတ်သွားရမယ်ဆိုတာတွေအပြင် မထင်မှတ်ထားတဲ့ဒရာမာအချစ်ဇာတ်လမ်းလေးတစ်ခုကို ပါကြည့်ရှုရမဲ့ စိတ်ဝင်စားစရာဇာတ်ကားလေးပဲဖြစ်ပါတယ်။
Log in to post a comment.
No comments yet. Be the first to comment!