စေတန်တဲ့…။ မကောင်းဆိုးဝါးလို့ပဲ လွယ်လွယ်ခေါ်ကြပါစို့။ ဒီမကောင်းဆိုးဝါးက ဘယ်သူ့ကိုကိုယ်စားပြုမှာလဲ။ သိပ္ပံပညာ တိုးတက်လာတာနဲ့အမျှ အရာရာကို သိပ္ပံနဲ့ဖြေရှင်းလို့ရလာပေမဲ့ အောက်လမ်း၊ အထက်လမ်း၊ သရဲတစ္ဆေနဲ့ ပရလောကဆိုတဲ့ သိပ္ပံပညာနဲ့ ရှင်းမရတဲ့ပြဿနာတွေ လောကမှာ ဒုနဲ့ဒေး။ အခုတင်ဆက်ပေးလိုက်တဲ့ရုပ်ရှင်ဆိုတာလည်း ဒီလိုဖြစ်ရပ်တွေထဲကတစ်ခုပေါ့။ ချစ်စရာကောင်းတဲ့ သားငယ်လေးရယ် သမီးကြီးရယ်နဲ့ ဇနီးချောလေးကို ပိုင်ဆိုင်ထားတဲ့ ကဘီးရ်ကတော့ သာယာချမ်းမြေ့တဲ့မိသားစုလေးရဲ့ အိမ်ထောင်ဦးစီးကြီးတစ်ယောက်။ တစ်နေ့ သူတို့မိသားစု အပန်းဖြေအိမ်ကို အပျော်ခရီးထွက်လာကြတဲ့အချိန်မှာတော့ ဘယ်ကမှန်းမသိတဲ့ သူစိမ်းတစ်ယောက်နဲ့တွေ့ရာကစပါတယ်။ အပျော်ထွက်လာတဲ့ခရီးက သူစိမ်းတစ်ယောက်ကြောင့် ဝမ်းနည်းစရာတွေကြုံတွေ့လာရတဲ့အချိန်မှာတော့ ကဘီးရ်တစ်ယောက် မိသားစုကိုကာကွယ်ဖို့ ဘယ်လိုရင်ဆိုင်တိုက်ခိုက်မလဲဆိုတာခံစားကြည့်ရှုကြပါဦး။
Log in to post a comment.
No comments yet. Be the first to comment!