ဒီဇာတ်ကားလေးကတော့ ပါကစ္စတန်နိုင်ငံကနေ အရှေ့ပါကစ္စတန်(ယခု ဘင်္ဂလားဒေ့ရှ်) ရဲ့ ခွဲထွက်တဲ့ကာလက အကြောင်းအရာကို ရိုက်ကူ းထားတာပါ။ ဖခင်ဖြစ်သူကို အားကျစိတ်နဲ့ စစ်ထဲကိုဝင်ပြီး စစ်တက္ကသိုလ်မှာ ထူးချွန်ခဲ့ပေမဲ့ ဖခင်ဆုံးပါးသွားတဲ့အခါ အမေတစ်ခုသားတစ်ခုဖြစ်တဲ့အတွက် အမေ့ရဲ့ ဆုံးဖြတ်ချက်နဲ့ စစ်တပ်ကထွက်ခဲ့ရတဲ့ ဘဏ်စာရေ းလေး ရိုမီရိုအလီတစ်ယောက် တစ်နေ့မှာ နိုင်ငံအတွက် တာဝန်ထမ်းနိုင်ဖို့ အခွင့်အရေးတစ်ခုရလာပါတယ်။ အိန္ဒိယရဲ့ နိုင်ငံတကာထောက်လှမ်းရေး(RAW) က ပါကစ္စတန်ကို စပိုင်အဖြစ်နဲ့စေလွှတ်တာပဲဖြစ်ပါတ ယ်။ သူက တာဝန်တွေကို ကျေကျေပွန်ပွန်ထမ်းဆောင်ခဲ့ပေမဲ့ RAW က အရေးကြုံလာတဲ့အခါမှာသူ့ကို ပစ်ပယ်ထားလိုက်ကြပါတ ယ်။ အဲဒီအချိန်မှာ သူ အသက်ရှင်နိုင်အောင်ဘာတွေလုပ်လဲဆိုတာကို စိတ်ဝင်တစားကြည့်ရမှာပါ။IMDB Rating ကတော့ 6.6 ရရှိထားပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ demon ပဲဖြစ်ပါတယ်…
Log in to post a comment.
No comments yet. Be the first to comment!