လျို့ဝှက်စွာလူသားတွေကိုကာကွယ်စောင့်ရှောက်နေတဲ့ ဝုရင့်အဖွဲ့ဝင် ၇ ယောက်ဟာ တစ်နေ့မှာတော့ငါးမိစ္ဆာတစ်ကောင်ကိုဖမ်းလာရင်း သူ့ထက်စွမ်းအားကြီးသောမိစ္ဆာတစ်ကောင်လာနေတယ်ဆိုတာကိုသိခဲ့ရပါတယ်အဖွဲ့စခန်းချရာနေရာကိုပြောင်းရွှေ့ခဲ့ပြီး မိစ္ဆာဘာရည်ရွယ်ချက်နဲ့လာတယ်ဆိုတာကိုစုံစမ်းရင်း အမှုလိုက် သောင်ရိချန်ရဲ့ကာကွယ်ပေးမှုကြောင့် ချင်းထင်တို့ ၃ ယောက်အသက်မသေပဲပြန်လည်ရောက်ရှိလာခဲ့ပါတယ် သူတို့ကိုကာကွယ်ရင်း သောင်ရိချန်ကတော့ဒုက္ခိတဘဝကိုလုံးလုံးရောက်သွားပါတော့တယ်အဖွဲ့ခေါင်းဆောင်သစ်ကိုရှာဖွေနေတဲ့အစ်ကို ၂ ကလဲခေါင်းဆောင်အသစ်ရဲ့အမှတ်အသားသင်္ကေတပါတဲ့အတိတ်မေ့နေတဲ့ရူးတူးတူးကောင်မလေးကိုအဖွဲ့ဆီခေါ်လာခဲ့ပါတယ်ကောင်မလေးကိုခေါင်းဆောင်အသစ်ဆိုတာကိုမယုံတယုံနဲ့ သူတို့အဖွဲ့လော့ရန်မြို့ကိုခရီးဆက်ခဲ့ကြပါတယ်နောက်ဆုံးမှာတော့ မိစ္ဆာ ၂ ကောင်ရဲ့ပူးပေါင်းတိုက်ခိုက်တာရယ်၊ခေါင်းဆောင်သစ်ဖြစ်တဲ့ကောင်မလေးကစွမ်းအားတချို့ကို သောင်ရိချန်ကိုပေးခဲ့တာတွေကြောင့်စွမ်းအားများလျော့နည်းခဲ့တာရယ်၊မိစ္ဆာ ၂ ကောင်ရဲ့ထောင်ချောက်မိခဲ့တဲ့တခြားအဖွဲ့ခေါင်းဆောင် ၅ ယောက်ရဲ့တိုက်ခိုက်တာတွေရယ်ကိုကြံ့ကြံ့ခံပြီးကမ္ဘာကြီးကိုဖျက်ဆီးမယ့် မိစ္ဆာတွေရဲ့အကြံကိုဘယ်လိုပျက်သုဉ်းအောင်လုပ်ခဲ့တယ်ဆိုတာကို…
Log in to post a comment.
No comments yet. Be the first to comment!