မျိုးဗီဇသုတေသနပညာရှင်ဖြစ်တဲ့ ဒေါက်တာ လာနာဝင်းစလိုးတစ်ယောက် တစ်ခုခုဆို အပြစ်မြင် ဝေဖန်တတ်လို့ဆိုပြီး သမီးဖြစ်သူက ရည်းစားကောင်လေးကိုရည်းစားဘဝမှာတောင် သူနဲ့ပေးမတွေ့ဘဲ စေ့စပ်လက်စွပ်ကို လက်ခံပြီးမှ နောက်တစ်လနေရင်လက်ထပ်တော့မယ်လို့ ဖွင့်ဟလာတာကို ကြုံလိုက်ရပါတယ်..သူနဲ့အတူနေပြီး ကျောင်းဆက်တက်မယ်လို့ထင်ထားတဲ့သမီးတော်လေးက ယောကျ်ားယူတော့မယ်ဆိုပြီး Surpriseတိုက်လိုက်တဲ့အခါမှာတော့ လာနာတစ်ယောက်ရင်ကွဲနာကျရသလို သမီးဖြစ်သူ ပျော်ဖို့အတွက်သမီးအလိုကျလက်ခံပေးပြီး မင်္ဂလာပွဲကျင်းပမဲ့ထိုင်းနိုင်ငံ ဖူးခက်မြို့ကို သွားဖို့ပြင်ရပါတော့တယ်သမီးဖြစ်သူယူမဲ့ကောင်လေးကို အဲဒီတော့မှ တွေ့ဖူးတဲ့အပြင် နောက်ထပ် Surprise တိုက်ခံလိုက်ရတာကတော့အဲဒီကောင်လေးရဲ့အဖေက ငယ်စဉ်က စာမလာအကြောင်းမကြားဘဲ Ghost သွားတဲ့ သူ့ရဲ့ငယ်ချစ်ဦး ဖြစ်နေတာပါပဲ..တစ်ယောက်တည်းဆို ထက်မြက်ပြီး တော်သလောက်သူ့ငယ်ချစ်ဦး ဝေလ် ဂျက်ဆင်ရှေ့ကိုရောက်ရင် အလွဲလွဲအချော်ချော်တွေ လုပ်တတ်တဲ့ လာနာတစ်ယောက်ဒီပြန်လည်ဆုံတွေ့မှုကနေ ဘာတွေကိုတွေ့ကြုံလာရမလဲ…ရှေးဟောင်းနှောင်းဖြစ်ဇာတ်လမ်းတွေရှိတဲ့ မိဘတွေကြောင့်သားသမီးတွေရဲ့ မင်္ဂလာပွဲကလည်း ဖြစ်မြောက်ပါ့မလားဆိုတာကိုရယ်ရယ်မောမောနဲ့ ပေါ့ပေါ့ပါးပါး ကြည့်ရှုရမှာ ဖြစ်ပါတယ်..
Log in to post a comment.
No comments yet. Be the first to comment!