စပီးဘာ့ဂ်က ငါးမန်းကားတစ်ကားကို ငါးမန်းကားတစ်ကားထက် ပိုတဲ့ ပုံစံနဲ့တင်ပြသွားခဲ့တယ်။ ငါးမန်းစစပေါ်လာချင်းမှာ သူတို့ စီးပွားရေးထိခိုက်မှာစိုးလို့ ဖုံးထားခဲ့ကြတဲ့ မြို့မျက်နှာဖုံးတွေတို့ , တာဝန်နဲ့အထက်လူကြီးတွေကြားတိုင်ပတ်နေခဲ့တဲ့ရဲမှူးတို့ , ဆုကြေးရချင်လို့ ဘူမသိကိုးမသိ အုပ်လိုက် ငါးမန်းပတ်ဖမ်းကြတဲလူတွေတို့, ငါးမန်းတွေနဲ့ပတ်သက်ပြီး ထရော်မာရှိခဲ့လို့ ငါးမန်းအကြောင်းလေ့လာနေတဲ့ သူတို့ , နောက် ကမ္ဘာစစ်က စစ်သားဟောင်း ငါးမန်းဖမ်းသမားတို့တွေလို စိတ်ဝင်စားစရာကောင်းတဲ့ ကာရိုက်တာတွေထည့်သွင်းထားတယ်။ ဒီကာရိုက်တာတွေကြောင့်ပဲ ဒီဇာတ်ဟာ သာမန်ငါးမန်းဇာတ်ထက်ပိုခဲ့တယ်။ ဂေါ်ဇီလာပရိသတ်ဖြစ်ဖူးလို့လားတော့မသိပါဘူး။ စပီးဘာ့ခ်က ငါးမန်းဖမ်းသမားကြီးပြောတဲ့ ဇာတ်လမ်းမှာ ငါးမန်းတွေရယ် နာဂါဆာကီနဲ့ ဟီးရိုးရှီးမားကို ကျဲမယ့်ဗုံးကို သွားပို့ပေးရတာရယ်ကို ချိတ်ဆက်ပြောသွားခဲ့တယ်။ ဒီအခန်းမှာ ဒီအနုမြူဗုံးရဲ့ပျက်စီးခြင်းအငွေ့အသက်ကို ခံစားမိအောင် စပီးဘာ့ဂ်ကလုပ်နိုင်ခဲ့တယ်။ ဇာတ်လမ်းကျောရိုးကြည့်ရင် မြင်နေကျဖြစ်နေရင်တောင်မှပဲ စပီးဘာ့ဂ်ဟာ ဒီလိုအရသာတစ်မျိုးပေးနိုင်တဲ့ Subplotsတွေ သူ့ရဲ့မှော်ဝင် Elementsတွေကိုသုံးပြီး အမြဲမှော်ဆန်အောင်လုပ်နိုင်ခဲ့တယ်။ Jaws ( 1975 )ဟာလည်း စပီးဘာ့ဂ် ဟိုးကတည်းက မှော်အောင်ခဲ့တဲ့ကားပါပဲ။ စပီးဘာ့ဂ်ဟာ ရုပ်ရှင်ကိုချစ်တဲ့ ရုပ်ရှင်ကိုချစ်တဲ့စိတ်နဲ့ရိုက်တဲ့ ရုပ်ရှင်ကို အားလုံးချစ်စေချင်တဲ့ သူတစ်ယောက်လို့ပြောရင် လွန်မယ်မထင်ဘူး။
Log in to post a comment.
No comments yet. Be the first to comment!