vMonsterVerse ရဲ့ ၅ ကားမြောက် Godzilla x Kong: The New Empire (2024) လဲထွက်လာခဲ့ပြီဆိုတော့ Godzilla, Kong နဲ့ သူတို့ကြားက အဖြစ်အပျက်တွေကြားက timeline ကို တစ်ချက်ပြန်ကြည့်ကြည့်ရအောင်. ဒီ timeline ထဲက အဖြစ်အပျက်တွေက ထွက်ရှိခဲ့တဲ့ MonsterVerse ရုပ်ရှင်၊ ဇာတ်လမ်းတွဲတွေအပြင် tied in graphic novels တွေက အကြောင်းတွေပါ ပါဝင်ပါတယ်။ Event တွေများ source တွေလည်း များလို့ မှားနေတာ လိုနေတာရှိရင် ဝင်ဆွေးနွေးသွား ထောက်ပြသွားနိုင်ပါတယ်။– 252 millions BC ကမ္ဘာ့ မျက်နှာပြင်ပေါ်မှာ Radiation တွေ ယနေ့လက်ရှိအချိန်ထက် အဆပေါင်းများစွာရှိနေတုန်းက radiation ကို စားသုံးကြီးထွားတဲ့ Godzilla နဲ့ တခြား Titan တွေဟာ ကမ္ဘာမျက်နှာပြင်ပေါ်မှာနေကြတယ်။ ဒီမှာ Shinomura ဆိုတဲ့ နှစ်ကောင်ပေါင်းပြီး တစ်ကောင်ဖြစ်နိုင်တဲ့ Titan နဲ့ Godzilla တို့ ချနေကြတဲ့အချိန် ဘေးကိုဥက္ကာခဲကြီးကျလာပြီး ဖြစ်လာတဲ့ ကျင်းကြီးထဲကို Shinomura ပြုတ်ကျသွားတယ်။ ဥက္ကာခဲကျပြီး ပေါက်ကွဲမှုကြီးကြောင့် ကမ္ဘာ့ မျက်နှာပြင် radiation ပမာဏ ကျဆင်းသွားတဲ့အတွက် Godzilla နဲ့ တခြားအကောင်ကြီးတွေ နေစရာ စားစရာရှားလာတာမို့လို့ radiation ရှိသေးတဲ့ ကမ္ဘာ့အတွင်းပိုင်း၊ ပင်လယ်ရေအောက်ကြမ်းပြင် တွေကို ပြောင်းရွှေ့သွားကြသလို မြေအောက်မှာ နှစ်တေတွအကြာကြီး hibernate လုပ်ကိန်းအောင်းနေကြတာတွေလည်း ဖြစ်ကုန်ကြတယ်။– Hollow Earth နဲ့ Skull Island ကမ္ဘာ့ မျက်နှာပြင်အောက်မှာ အခေါ်င်းကြီးဖြစ်နေပြီး Godzilla လို တခြား titan ကြီးတွေ နေထိုင်ကြတဲ့ Hollow Earth ဆိုတာရှိတယ်။ ဒီ Hollow Earth နဲ့ ချိတ်ဆက်နေတဲ့ တစ်နေရာကတော့ ပင်လယ်ထဲက ပြင်ပလောကနဲ့ အဆက်အသွယ်မရှိတဲ့ Skull Island ဆိုတဲ့ ကျွန်းကြီးတစ်ကျွန်း။ ဒီကျွန်းကို Kong ရဲ့ မျိုးနွယ် ape ကြီးတွေရောက်လာပြီး နေကြတယ်။ ဒါပေမယ့် နောက်တော့ Skullcrawler ဆိုတဲ့ကောင်တွေပေါ်လာလို့ Kong တို့အမျိုးတွေနဲ့ နှစ်ပေါင်းများစွာ စစ်ခင်းကြတယ်။ Iwi လူမျိုးတွေ ကျွန်းပေါ်စရောက်လာတဲ့အချိန်မှာတော့ Skull Island မှာ Kong ရဲ့ မိဘနှစ်ပါးပဲ ကျန်တော့တယ်။ Skullcrawler တွေလက်ချက်ကြောင့် Kong မွေးပြီးပြီးချင်း သူ့မိဘတွေ ဆုံးသွားခဲ့တယ်။– Early 20th Century 1926 မှာ အမည်မသိလူတစ်ယောက် ဦးဆောင်တဲ့အဖွဲ့တစ်ဖွဲ့က ဒီ hollow earth ကို စူးစမ်းလေ့လာဖို့ထွက်သွားခဲ့ပေမယ့် ပြန်ပေါ်မလာခဲ့ဘူး။ 1938 မှာတော့ ပြင်သင်နိုင်ငံက ဂူကြီးတစ်ခုက Hollow Earth ရဲ့ ဝင်ပေါက်တစ်ပေါက်ဖြစ်ပြီး ဒီကသွားရင် Titan ကြီးတွေဆီရောက်လိမ့်မယ်လို့ ပုံတွေဘာတွေ ထွက်ရှိလာခဲ့တယ်။ 1943 မှာလည်း U.S.S Lawton ဆိုတဲ့ အမေရိကန် စစ်ရေယာဥ်တစ်စင်းဟာ အမည်မသိအကောင်တစ်ကောင် တိုက်ခိုက်ခံခဲ့ရပြီး William Randa တစ်ယောက်ကလွဲလို့ တစ်ယောက်မှ အသက်ရှင်မကျန်ခဲ့ဘူး။ US အစိုးရကတော့ ဒါကို ဖုံးကွယ်ခဲ့တယ်။– WWII and Hiroshima ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်တိုက်လေယာဥ်တစ်စင်းနဲ့ ဂျပန်တိုက်လေယာဥ်တစ်စင်းတို့ ရင်ဆိုင်တိုက်ခိုက်ရင်း ကျွန်းတစ်ကျွန်းပေါ်ကိုပျက်ကျတယ်။ ဒီကျွန်းက Kong နေတဲ့ Skull Island ဖြစ်နေသလို ဒါကိုသိသွားခဲ့ကြတဲ့ pilot ၂ ယောက်ဟာ ရန်သူတွေကနေ မိတ်ဆွေတွေ၊ ညီအစ်ကိုတွေဖြစ်သွားခဲ့ကြပြီး ကျွန်းကလွတ်မြောက်ဖို့ အတူတူကြိုးစားခဲ့ကြတယ်။ 1945 မှာ Hiroshima ကို nuclear bomb ဖေါက်ခွဲခဲ့တဲ့အခါမှာတော့ ကြီးမား များပြားတဲ့ radiation တွေပေါ်ထွက်လာခဲ့ပြီမို့လို့ အရင် တိမ်မြုပ်နေတဲ့ titan တချို့ ပြန်လည်နိုးထလာတယ်။ အရင်ဆုံး ပေါ်လာတာကတော့ Godzilla နဲ့ ရင်ဆိုင်ရင်း ချောက်ထဲကျသွားတဲ့ Shinomura ဖြစ်ပြီး သူ့ကိုမျက်မြင်တွေ့ခဲ့သူတွေထဲမှာ “Let them fight” ဆိုပြီးပြောခဲ့တဲ့ Dr. Serizawa ရဲ့ အဖေ Eiji လည်းပါပါတယ်။– 1946 – Monarch 1946 မှာတော့ Monarch ကိုတည်ထောင်တယ်။ ဒီ “အကောင်ကြီးတွေ” ကိုရှာဖွေ လေ့လာ စူးစမ်းဖို့အတွက်ပေါ့။ နောက်တော့ Monarch အဖွဲ့ထဲမှာ Eii Serizawa လည်း ပါဝင်လာခဲ့တယ်။ Monarch အဖွဲ့ကို ဦးဆောင်ခဲ့သူတွေထဲမှာ Keiko Miura, Lee Shaw နဲ့ Bill Randa တို့လည်း ပါဝင်လာခဲ့တယ်။ Keiko က single mother တစ်ယောက်ဖြစ်ပြီး အစပိုင်းမှာ Lee Shaw နဲ့ ကြိုက်မလိုဖြစ်ခဲ့ပေမယ့် နောက်တော့ သူနဲ့ စိတ်တူကိုယ်တူ Bill Randa နဲ့ပဲ လက်ထပ်ဖြစ်ခဲ့တယ်။ ဒါပေမယ့်လည်း ၃ ယောက်သားက အခင်မင်မပျက်ခဲ့ဘူး။ ဒီကြားထဲ Shinomura ပေါ်လာပြီး နေရာစုံ လိုက်တိုက်ခိုက် ရန်ရှာနေတာကို Godzilla က လိုက်ရန်တွေ့မောင်းထုတ်နေရင်း 1954 ခုနစ် Castle Bravo nuclear “စမ်းသပ်မှု” မှာ Monarch နဲ့ US အစိုးရက Godzilla နဲ့ Shinomura ကို မျှားခေါ်ပြီး ဖေါက်ခွဲခဲ့တာမှာ Godzilla တော့ မသေဘဲ Shinomura အလုံးစုံ ပျက်စီးသွားခဲ့တယ်။ 1959 မှာတော့ Keiko Miura တို့ ၃ ယောက် Kazakhstan မှာ သွားရောက် စူးစမ်းရှာဖွေတုန်း အကောင်တွေထွက်လာလို့ Keiko ပါသွားတယ်။ 1962 မှာ Lee Shaw ဦးဆောင်ပြီး Operation Hourglass ဆိုတဲ့ Hollow Earth ကို စူးစမ်းလေ့လာတဲ့ခရီးထွက်ခဲ့တယ်။ ဒါပေမယ့် အဆက်အသွယ်ပြတ်တောက်သွားခဲ့လို့ Bill Randa တစ်ယောက်ပဲ ကျန်ခဲ့တော့တယ်။– 1973 – Kong: Skull Island 1973 ခုနစ် US အစိုးရက Vietnam စစ်ပွဲက ဆုတ်ခွာလာတဲ့အချိန် Bill Randa နဲ့ Monarch အဖွဲ့ဟာ လက်နက်ကိုင် အစောင့်အရှောက်တွေနဲ့တကွ Skull Island ကိုသွားပြီး စူးစမ်းလေ့လာခဲ့တယ်။ ဒီမှာ Skull crawler တွေလက်ချက်နဲ့ Brill Randa အပါအဝင် အများအပြား သေခဲ့ကြတယ်။ James Conrad, Brooks, San နဲ့ WWII pilot Marlow တို့ပဲ လွတ်မြောက်ခဲ့တယ်။ Bill က မသေခင် သူ့မှတ်တမ်းတွေကို ရေထဲမျှောပစ်ခဲ့တယ်။– 1982 – Lee Shaw 1982 ခုနစ်မှာ Shaw တစ်ယောက် Monarch ဆေးရုံတစ်ရုံမှာ ပြန်လည်နိုးထလာတယ်။ သူ့အတွက် Hollow Earth ထဲမှာ ရက်အနည်းငယ်ပဲကြာသေးပေမယ့် ခုသူပြန်ရောက်လာတဲ့အခါမှာတော့ Keiko ရဲ့သား Hiroshi ကပါ Monarch မှာ လူကြီးတစ်ယောက်ဖြစ်နေပြီ။ Bill ရဲ့ recording တွေကို ပြန်ဆယ်တွေ့ထားလို့ ဒီကြားထဲ Bill ဆုံးသွားမှန်း သိခဲ့ရတယ်။– 1973- Aaron Brooks 1973 ခုနစ် Skull Island က ပြန်လွတ်လာခဲ့တဲ့ Huston Brooks ရဲ့ သား Aaron Brooks ကလည်း Monarch ဆီရောက်နေပြီ။ ဒီမှာ Skull Island လိုအရေးကြီးတဲ့နေရာကို Kong တစ်ကောင်တည်းလက်ထဲ ထားလို့ရမရ သွားကြည့်မယ်ဆိုပြီး သူ့အဖွဲ့တွေနဲ့အတူ Skull Island ကိုသွားတယ်။ ဟိုမှာအကောင်တွေလက်ချက်ကြောင့် တစ်ဖွဲ့လုံးနီးပါးသေတဲ့အပြင် Aaron တို့အဖွဲ့သားတစ်ယောက်ကြောင့် Iwi တွေရဲ့ တံတိုင်းတွေပါ ပျက်ကုန်တဲ့အခါ Aaron လည်း ပြန်မလာဖြစ်တော့ဘဲ Randa တုန်းကလိုပဲ recording တွေလုပ်ပြီး ရေထဲပြန်မျှောပေးလိုက်တယ်။ ဒီ recording တွေကို 2012 မှာ Huston Brooks ရရှိခဲ့တယ်။– 1999 – MUTO 1999 မှာတော့ ဖလစ်ပိုင်က Titan လိုအကောင်ကြီးတစ်ကောင်ရဲ့ အရိုးစုတွေထဲမှာ ကပ်ပါးကောင်ဥ တွေရှာတွေ့ကြတယ်။ ကောင်းနေပြီး မြုံနေတဲ့ ဥတစ်လုံးကိုတော့ Nevada ကိုပြန်ယူသွားနိုင်ခဲ့ပေမယ့် နောက်တစ်ဥကတော့ ပေါက်သွားခဲ့ပြီ။ သိပ်မကြာခင်မှာပဲ ဂျပန်နိုင်ငံက Janjira nuclear power plant ကို ခုနက ဥကပေါက်ပြီးထွက်သွားတဲ့ဆိုတဲ့ MUTO ဝင်မွှေတယ်။ ဓာတ်ပေါင်းဖိုပျက်စီးတာကြောင့် Joe Brody ရဲ့ ဇနီးဆုံးသွားခဲ့တယ်။ ဒီမှာ MUTO က ဓာတ်ပေါင်းဖိုက radiation တွေကို စုပ်ယူနေပြီး နောက်ထပ် ၁၅ နှစ်လောက် မလှုပ်ရှား အိပ်စက်နေခဲ့တယ်။ Joe က ဇနီးဆုံးသွားတာ ဒီတိုင်း ငလျင်လှုပ်လို့ စခန်းပြိုတာကြောင့်မဟုတ်ဘူးဆိုပြီး တောက်လျှောက်တွေးနေ လေ့လာနေလို့ သူ့ reputation တင်မက သားဖြစ်သူနဲ့ပါ ဆက်ဆံရေးထိလာခဲ့တယ်။– 2005 – Orca Technology Emma နဲ့ Mark Russell တို့ ဇနီးမောင်နှံပေါင်းပြီး Orca နည်းပညာကို စမ်းသပ်တီထွင်ခဲ့တယ်။ ဒီဟာကိုသုံးပြီး Titan တွေကို စကားပြောလို့ရ (သို့မဟုတ်) ဒီစက်ကြောင့် Titan တွေ အမူအကျင့် ပြောင်းနိုင်လိမ့်မလားဆိုပြီး ဖြစ်လာတယ်။ နှစ်ယောက် အိမ်ထောင်ကွဲသွားခဲ့ပြီးနောက် Monarch မှာ ဆက်ရှိနေရင်း ဒီနည်းပညာကို ဆက်လေ့လာနေခဲ့တယ်။ ဒီကြားထဲမှာလည်း MUTO စောင့်ကြည့်စခန်းတွေဆီ Alan Jonah ဆိုတဲ့လူ ခိုးဝင်တာမိရာက သူ့ပါ စောင့်ကြည့်စာရင်းထဲ ထည့်ခဲ့ကြတယ်။– 2009 – Nathan Lind နဲ့ Mothra Nathan Lind ရဲ့ အစ်ကိုဖြစ်သူဟာ ၂၀၀၉ ခုနစ်မှာ Hollow Earth ကို စူးစမ်းလေ့လာဖို့ ခရီးထွက်ပေမယ့် ဝင်ဝင်ချင်းမှာပဲ မြေဆွဲအား ပြောင်းလဲမှုကြောင့် သေဆုံးခဲ့တယ်။ ဒီအချိန်မှာပဲ တရုတ်နိုင်ငံ Yunnan ပြည်နယ် တောအုပ်ကြီးထဲက သီးချင်းဆိုသံတွေ ကြားရတယ်ဆိုလို့ ရှာဖွေကြရာက Mothra ဖြစ်လာမယ့် ပိုးအိမ်ကိုတွေ့ခဲ့တယ်။ Outpost 61 ဆိုတာ ဆောက်လုပ်ခဲ့ကြပြီး Emma Russell ရဲ့ အဓိက တာဝန်ကျနေရာဖြစ်လာခဲ့တယ်။– 2013 – Ford Brody Joe ရဲ့သားဖြစ်သူ Ford Brody ဟာ ဗုံးဖြုတ်စစ်သား EOD ပညာရှင်အနေနဲ့ ၁၄ လ ကြာ စစ်မှုထမ်းစထွက်ခဲ့တယ်။– 2014 – Godzilla : G-Day Ford အိမ်ပြန်ရောက်ရောက်ချင်းပဲ အဖေဖြစ်သူ တားမြစ်နယ်မြေထဲဝင်လို့ဆိုပြီး သွားခေါ်ထုတ်ပေးရာက နှစ်ယောက်သား ပြန်ခိုးဝင်ရင်း MUTO ထွက်ပေါ်လာတယ်။ Brody ဆုံးတယ်။ ဒီမှာ MUTO နဲ့ Godzilla တို့လက်ချက်ကြောင့် မြို့တွေ ရွာတွေတော်တော်များများ ပျက်စီးကုန်ပြီး Godzilla နဲ့ တခြားကောင်တွေ ရှိနေသေးတယ်ဆိုတာ public က သိလာခဲ့တယ်။ San Francisco မှာဖြစ်ခဲ့တဲ့အတွက် ဒီနေ့ကို G-Day လို့ ခေါ်လာခဲ့ကြတယ်။ ဒီနောက်ပိုင်းမှာ Mark Russell လည်း Monarch က ထွက်သွားခဲ့တယ်။– 2015 – Legacy of the Monsters Keiko ရဲ့ မြေးနှစ်ယောက်ဖြစ်တဲ့ Cate နဲ့ Kentaro တို့ အဖေတူ အမေကွဲမောင်နှမနှစ်ယောက်ဟာ ပျောက်သွားတဲ့ သူတို့အဖေ Hiroshi Randa ကိုလိုက်ရှာရင်း လူအိုရုံမှာ အသက်ကြီးသလောက် လျှင်မြန်ဖြတ်လတ်နေသေးတဲ့ Lee Shaw နဲ့တွေ့တယ်။ နေရာစုံ သွားလာရင်းနောက်ဆုံး Hiroshi နဲ့ပြန်တွေ့ပေမယ့် Shaw က Hollow Earth ကိုသွားလို့ရတဲ့ ဝင်ပေါက်ထွက်ပေါက်တွေအကုန်လုံးကို ပတ်ပစ်ဖို့ ကြိုးစားတယ်။ အကြောင်းအမျိုးမျိုးကြောင့် Cate, Shaw နဲ့ May တို့ ၃ ယောက် Hollow Earth ထဲရောက်သွားခဲ့တယ်။ ဒီမှာ Hollow Earth ထဲကိုရောက်တာ ရက်ပိုင်းပဲရှိသေးလို့ ကယ်မယ့်လူစောင့်နေတဲ့ Keiko နဲ့ ပြန်တွေ့ကြတယ်။ ရှိတဲ့စက်အပျက်တွေ ပြန်ပြင်သုံးရင်း လက်ရှိအချိန်ကို ပြန်လာဖို့ ကြိုးစားတာမှာ Shaw က အသေခံပြီး Hollow Earth မှာ ကျန်ခဲ့တယ်။– 2016 – King Ghiorah Antarctica တိုက်က ရေခဲပြင်တွေအောက်မှာ မြုပ်နေတဲ့ ခေါင်းသုံးလုံးရှိတဲ့ Ghidorah ကို Monarch အဖွဲ့က ရှာဖွေတွေ့ရှိခဲ့တယ်။– 2017 – Apex Cybernetics Hollow Earth မှာ ခနလေးသောင်တင်ပြီး ထွက်ပြေးလာခဲ့တဲ့ Keiko, Cate နဲ့ May တို့ဟာ 2017 ခုနစ် Skull Island ပေါ်က Apex Cybernetics စခန်းမှာ ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။– 2019 – Godzilla: King of the Monsters Emma နဲ့ သူ့သမီး Madison တို့ကို Alan Jonah က ပြန်ပေးဆွဲခဲ့ပြီး တခြား အိပ်စက်နေတဲ့ Titan တွေကို လိုက်နှိုးခဲ့ကြတယ်။ Emma က Alan နဲ့ပေါင်းပြီး Titan တွေကို ပြန်လွှတ်ပေးချင်တာဖြစ်ပေမယ့် သူတို့လွှတ်ပေးလိုက်တဲ့ Ghidorah က ကမ္ဘာ့ပြင်ပကလာတဲ့ ဂြိုလ်သားတစ်ကောင်ဖြစ်နေပြီး သူ့စိတ်အရ တစ်ဂြိုလ်လုံးကို ပျက်စီးအောင်လုပ်မှာဖြစ်လို့ Godzilla ပြန်နိုင်အောင် ဝိုင်းကူကြရတယ်။ နောက်ဆုံး Godzilla နိုင်ပြီး King of the Monsters ဖြစ်လာတယ်။ Dr. Serizawa နဲ့ Emma တို့ ဆုံးပါးခဲ့တယ်။– 2021 – Kingdom Kong 2021 ခုနစ်မှာတော့ Monarch အဖွဲ့ဟာ Skull Island မှာရှိတဲ့ Hollow Earth ဝင်ပေါက်ကို တူးဖေါ်စမ်းသပ်ဖို့ လုပ်ကြတယ်။ ဒီအချိန်မှာပဲ ကြီးမားပြင်းထန်တဲ့ မုန်တိုင်းကြီးတစ်ခုကလည်း Skull Island ဆီကို ဦးတည်လာနေတယ်။ ဝင်ပေါက်ကို ဖေါက်ကွဲလိုက်မိတဲ့အချိန်မှာပဲ အထဲက Titan Camaztoz ဆိုတဲ့ လင်းနို့လိုကောင်ကြီးနဲ့ သူ့လိုအကောင်သေးသေးလေးတွေ ထွက်လာပြီး Kong နဲ့ ရင်ဆိုင်တယ်။ Iwi တွေရဲ့ ဟောကိန်းအရ နေရောင်ပျောက်တဲ့အချိန် မြေအောက်က ဒီဘုရင်ကြီးနိုးထလာမယ်လို့ ရှိတာမို့လို့ မုန်တိုင်းတွေကြောင့် နေရောင်ပျောက်တာနဲ့ အံကိုက်ဖြစ်နေတယ်။ Kong ဘက်ကနေ Monarch တိုက်လေယာဥ်တွေ ဝိုင်းကူလို့ Camaztoz ရှုံးသွားတယ်။ ဒါပေမယ့် မုန်တိုင်းကြီးကြောင့် Skull Island ရဲ့ eco system ကို လုံးဝ ထိခိုက်လာနေပြီမို့လို့ ကျွန်းပေါ်က Iwi လူမျိုးစုကို ကယ်ထုတ်ရင်း Kong ကိုပါ ပြောင်းရွှေ့ဖို့ လုပ်ကြရတယ်။– 2024 – Godzilla vs. Kong Apex Cybernetics ရဲ့ Mechagodzilla project ကို ဖျက်ဆီးဖို့လို့ရင်း လူသားတွေနဲ့ Godzilla တို့ ထိပ်တိုက်တွေ့သလိုဖြစ်လာခဲ့တယ်။ ဒီအချိန် Skull Island က ပြောင်းရွှေ့လာတဲ့ Kong နဲ့လည်း Godzilla တို့ တွေ့ကြပြန်တယ်။ Apex ကလည်း Hollow Earth က အင်အားကြီးမားတဲ့ energy source တွေကို လိုချင်လာတဲ့အတွက် Kong ကိုလမ်းပြခိုင်းပြီး အထူးပြုလုပ်ထားတဲ့ ယာဥ်တွေနဲ့တကွ Hollow Earth ကို လိုက်သွားကြတယ်။ ဒီက ရတဲ့ Energy signature ကို ပြန်ပွားပြီး Mechagodzilla ကို အသက်သွင်းတယ်။ Kong ကလည်း Hollow Earth မှာ ပုဆိန်ပြန်ရပြီး သိပ်မကြာဘူး Godzilla ရန်စလို့ Japan ကိုသွားပြီး ရင်ဆိုင်ရပြန်တယ်။ Ishiro Serizawa ရဲ့သား Ren Serizawa ဟာ Apex က ပညာရှင်တစ်ယောက်ဖြစ်ပြီး Mechagodzilla ကိုမောင်းနှင်ရတဲ့ pilot လည်းဖြစ်တယ်။ Ghidorah ရဲ့ ဦးခေါင်းခွံနဲ့ ဦးနောက်ကိုသုံးပြီး လှုပ်ရှားတာဖြစ်တာမှာ Ghidorah က Pilot ကိုပြန်အပိုင်စီးပြီး Mechagodzilla ကိုမောင်းနှင်ခဲ့လို့ တွေ့သမျှအကုန်ဖျက်ဆီးမဲ့ပုံစံ ဖြစ်သွားခဲ့တယ်။ ဒါကြောင့် Godzilla နဲ့ Kong တို့နှစ်ယောက်ပေါင်းပြီး Mechagodzilla ကို ရင်ဆိုင် အနိုင်ယူခဲ့ရတယ်။
Log in to post a comment.
No comments yet. Be the first to comment!