3096 Days ဇာတ်ကားဟာ သြစတြီးယားမှာဖြစ်ခဲ့တဲ့ 10နှစ်အရွယ် ကလေးမလေးနာတာရှာ ခမ်ပွတ်ရှ်ကို 8နှစ်ကြာအောင်ပြန်ပေးဆွဲခဲ့တဲ့ အကြောင်း ဖြစ်ရပ်မှန်ကိုပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ နာတာရှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာခန္ဓာကိုယ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကိုပေါ်လွင်အောင် ရိုက်ပြထားတာကိုလည်း တွေ့ရမှာပါ။ဒီလို နှိပ်စက်မှုတွေနဲ့ နာတာရှာရဲ့ စိတ်ဒဏ်ရာအကြောင်းကိုသေချာရိုက်ကူးထားတာဖြစ်လို့ တချို့သောပရိတ်သတ်တွေအတွက်တော့ကြည့်ရှုဖို့ ခက်ခဲနိုင်ပါတယ်။ဒါပေမယ့် ဒီဇာတ်ကားမှာ နာတာရှာရဲ့ စိတ်ခွန်အားနဲ့သူ့ကိုပြန်ပေးဆွဲသူဆီက ဇွဲရှိရှိ လွတ်မြောက်ဖို့ကြိုးပမ်းပုံကိုလည်း တွေ့မြင်ရဦးမှာပါ။ပါဝင်ထားတဲ့ castတွေကလည်း သရုပ်ဆောင် အရမ်းကောင်းကြပါတယ်။ဒီဇာတ်ကားဟာ ပြန်ပေးဆွဲမှုတွေနဲ့ အကြမ်းဖက်မှုတွေရဲ့ခါးသီးတဲ့အမှန်တရားကို မီးမောင်းထိုးပြထားတဲ့ဇာတ်ကားတစ်ကား ဖြစ်လို့ကြည့်ရှုသင့်တဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်ဗျာ
Log in to post a comment.
No comments yet. Be the first to comment!