ရော်ဘင်ဆိုတဲ့ကောင်မလေးကလည်း အဲ့လိုတမလွန်ဘ၀ကနေပြန်လာခဲ့တဲ့ သေရွာပြန်ဖြစ်ပါတယ်။ဘယ်လို ဘယ်ပုံကစဖြစ်ရသလဲဆိုရင်တော့ ရော်ဘင်ကဆွံ့အနေသူတစ်ယောက်ဖြစ်နေပေမဲ့သူ့ရဲ့စန္ဒယားလက်ရာက အရမ်းကောင်းလွန်းတော့ ဂီတကျောင်းဝင်ခွင့်အင်တာဗျူးဖြေဖို့ ကမ်းလှမ်းခံရရင်းနဲ့ လမ်းမှာမတော်တဆဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ဆရာဝန်တွေကလည်းလုံး၀လက်လျှော့ခဲ့ကြပေမဲ့ အံ့ဩစရာကောင်းစွာနဲ့ပဲအသက်ပြန်ရှင်လာတဲ့အပြင် စကားပါပြန်ပြောနိုင်သွားခဲ့ပါတယ်။ဒါပေမယ့် ရော်ဘင်ပြန်လာလို့ပျော်ရွှင်ရတဲ့ပျော်ရွှင်မှုက ရေရှည်မခံခဲ့ပါဘူး။ရော်ဘင်တမလွန်ကပြန်လာနိုင်ခဲ့ပေမဲ့ အဲ့ဒီတမလွန်ကနေဆိုးဝါးတဲ့ အရာတစ်ခုခုကပ်ပါလာပြီး အရင်တုန်းကရော်ဘင်နဲ့မတူဘဲ တစ်နေ့တခြားပိုပိုဆိုးရွားလာတဲ့အခါမှာတော့ မိဘဖြစ်သူတွေဘာဆက်လုပ်ကြမလဲရော်ဘင်ကရော အရင်လိုပြန်ဖြစ်နိုင်ပါ့ဦးမလားဆိုတာကိုကြည့်ရှုရမဲ့သည်းထိပ်ရင်ဖိုဇာတ်ကားလေးပဲဖြစ်ပါတယ်။
Log in to post a comment.
No comments yet. Be the first to comment!