Gru တို့ မိသားစုတွေ တတိယမြောက်အကြိမ် ပြန်လာကြတဲ့ ဇာတ်ကားလေးပါ။ အရှေ့ ၂ ကားနဲ့ ယှဉ်ရင် Rating လေး ကျသွားတယ်ဆိုပေမဲ့လည်း ကြည့်ပျော်ရှုပျော်ကတော့ ဖြစ်နေဆဲဆိုတာ အမှန်ပါပဲ။ ဒီကားလေးမှာတော့ ဆရာသမား Gru လည်း အေးဂျင့်ဖြစ်သူ Lucy နဲ့ ချစ်သူဖြစ်ပြီးတော့ လိမ်မာနေပါပြီ။ ချစ်သူနဲ့အတူ ဗီလိန်-တန်ပြန် တိုက်ဖျက်ရေး အဖွဲ့အစည်းမှာတောင် အလုပ်တွေလုပ်လို့ ပျော်နေပြီပေါ့လေ။ ဒါပေမဲ့ မထင်မှတ်ထားတဲ့ အကြောင်းအရာ ပေါ်လာပါတယ်။ အဲဒါကတော့ အမွှာညီအစ်ကို ရှိနေတာဖြစ်ပြီး ငယ်စဉ်ကတည်းက ကွဲကွာနေလို့ မသိခဲ့ရပဲ ယခုမှ သိရတဲ့အတွက် အမွှာညီအစ်ကိုတွေ ပြန်ဆုံဖို့ ဖြစ်လာပါတယ်။ ဒါပေမဲ့ ညီအစ်ကိုဆိုတော့ သွေးထဲက ဇာတိပြတဲ့အတိုင်း သူကလည်း ဗီလိန်တစ်ယောက်ဖြစ်နေပြီး အကြီးစား ခိုးမှုလုပ်ဖို့ ကြံစည်နေတာပါ။ ဒါ့အပြင် လိမ်မာနေတဲ့ ညီကိုလည်း နောက်ဆုံးတစ်ခါဆိုပြီး မြူစွယ်ဖြားယောင်းတဲ့အခါမှာတော့ Lucy သိရင် စိတ်ဆိုးမှာကို ကြောက်ရတဲ့ Gru တစ်ယောက် အမွှာညီအစ်ကိုတွေအဖြစ် ဘယ်လို ခိုးသောင်းကျန်းဦးမလဲ တစ်ဖက်ကလည်း ရန်သူတော်က ဘယ်သူတွေ ပေါ်လာဦးမလဲ စသဖြင့် ပျော်ပျော်ပါးပါး စွန့်စားခန်း ထွက်ကြတာကို ကြည့်ရမှာပါ။
Log in to post a comment.
No comments yet. Be the first to comment!