ဗင်းဆင့်ရို့ဆိုတဲ့လူဟာ စေတန်နဲ့အပေးအယူလုပ်ထားပြီး အပြစ်မဲ့တဲ့သူတွေရဲ့ ဝိညာဉ်တွေကို ငရဲကိုပို့ပေးနေပါတယ်။ ဒီလို ပို့ပေးနေသ၍သူဟာ မသေမျိုးအဖြစ် နေခွင့်ရတာပါ။ တစ်နေ့မှာတော့ အရမ်းချစ်တဲ့စုံတွဲနှစ်ယောက်ထဲက ကောင်မလေးရဲ့ဝိညာဉ်ကို ငရဲကိုပို့လိုက်တယ်။အဲဒီအချိန်မှာ ကောင်လေးရဲ့ ဝိညာဉ်က အရမ်းကို ဝမ်းနည်းကြေကွဲတဲ့ရလဒ်အနေနဲ့ တမလွန်ကို ရောက်မသွားဘဲ လေလွင့်သွားပါတော့တယ်။အဲဒီလေလွင့်သွားတဲ့ဝိညာဉ်ကိုပဲ ကမ္ဘာပေါ်က စေတန်နဲ့ အပေးအယူလုပ်ထားတဲ့ လက်ပါးစေတွေကို ရှင်းဖို့ စွမ်းအားတွေနဲ့အတူ တာဝန်ပေးခံလိုက်ရပါတော့တယ်…
Log in to post a comment.
No comments yet. Be the first to comment!