အထက်တန်းကျောင်းမှာ ခင်မင်ခဲ့ဖူးတဲ့ သူငယ်ချင်း ဘော်ဒါတစ်သိုက်… ကောလိပ်အသီးသီး တက်နေကြရင်း အုပ်စုထဲက ကောင်မလေးတစ်ယောက်ရဲ့ မွေးနေ့ကို လူစုံတက်စုံနဲ့ ရောက်လာခဲ့ကြပါတယ်။မွေးနေ့ရှင် ကောင်မလေးက သူ့ရဲ့ သူငယ်ချင်းတွေနဲ့ အတူ ဘလူးလိုက်ဂီတပွဲတော် ပါတီကို တပတ်တာ ပိတ်ရက် အတူသွားဖို့ လက်မှတ်တွေယူလာတဲ့အပြင် အဲဒီကို သွားဖို့အတွက် အာဗီကားကိုပါ သူ့ရည်းစားကစီစဉ်ထားတာပါ။ ပွဲတော်ဆီကို မရောက်ခင် တစ်လမ်းလုံး ပျော်ကြရွှင်ကြအပီအပြင်ကဲကြဖို့အတွက် ရေမီးအစုံနဲ့ ထွက်လာခဲ့တဲ့ သူငယ်ချင်း အုပ်စုသူတို့ မသိလိုက်တာက..ဒီလမ်းက သူတို့တွေအတွက် မပြန်လမ်းကိုအရောက်ပို့မယ့် လမ်းကြောင်း တစ်ခုဖြစ်နေတာကို အချိန်နှောင်းမှသိလိုက်ရတဲ့ အချိန်မှာတော့…။
Log in to post a comment.
No comments yet. Be the first to comment!