Gru ကြီးတစ်ယောက် ဒူးမနာသမီးလေး ၃ ယောက်နဲ့အတူတူ မိသားစုလေးအဖြစ် အေးအေးချမ်းချမ်း နေနေပါပြီ။ ဒါပေမဲ့တစ်ရက်မှာတော့ သူ့ကို ဗီလိန်-တန်ပြန်တိုက်ဖျက်ရေးအဖွဲ့က ပြန်ပေးဆွဲသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့အဆင့်ရှိတဲ့ ဗီလိန်တစ်ယောက် သောင်းကျန်းနေပြီး ဒီလို ဗီလိန်ကို ချေမှုန်းဖို့ ဗီလိန်တစ်ယောက်ရဲ့ အမြင်တွေ အာရုံတွေ လိုအပ်တယ်ဆိုပြီး Gru ကို အကူအညီတောင်းတဲ့အခါမှာတော့ အဖွဲ့အစည်းအေးဂျင့်ဖြစ်သူ Lucy နဲ့အတူတူ စွန့်စားခန်းတွေ ထွက်ရပါတော့တယ်။ ဒီကားထဲမှာတော့ ဇာတ်ကောင်သစ် Lucy ပါဝင်လာပြီး သူ့နေရာကိုတော့ မင်းသမီး Kristen Wiig က အသံသရုပ်ဆောင်ပေးထားတာပဲ ဖြစ်ပါတယ်။ Rating ကလည်း ပထမကားနဲ့ သိပ်မကွာတာကြောင့် ကြည့်ကောင်းနေမှာတော့ အမှန်ပါပဲ။
Log in to post a comment.
No comments yet. Be the first to comment!