Obsessive Compulsive Disorder (OCD)ရောဂါရှိနေတဲ့ ၁၆ နှစ်အရွယ် မိန်းကလေး အေဇာရဲ့ရှုထောင့်ကနေ သူ့အတွေးတွေ သူ့ခံစားချက်တွေကိုမြင်တွေ့ရမှာပါ ။ အေဇာဟာ OCD ရှိတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီး ဘက်တီးရီးယားပိုးမွှားတွေကိုအလွန်အမင်းကြောက်စိတ်ဝင်နေတတ်သူလည်း ဖြစ်ပါတယ် ။သူ့မှာ ဒေစီနဲ့ မိုက်ကယ်ဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပြီးတစ်ရက်မှာတော့ ဘီလီယံနာသူဌေးတစ်ယောက် ပျောက်သွားတဲ့သတင်းကနေ သူ့ရဲ့ ငယ်သူငယ်ချင်း ဒေးဗစ်နဲ့ ပြန်လည်ဆုံစည်းလိုက်ရပါတော့တယ် ။ ဒီလိုနဲ့ အေဇာနဲ့ ဒေးဗစ်တို့ အချင်းချင်းမေတ္တာရှိလာကြတဲ့အခါ အဓိက အဟန့်အတားဖြစ်လာတာကတော့အေဇာရဲ့ OCD ရောဂါပါပဲ ။အေဇာရဲ့ အတွေးလွန်ဆွဲပုံတွေ ၊ ဒေးဗစ်ရဲ့ နားလည်ပေးနိုင်မှုတွေကိုတော့ သေချာလေး မြင်တွေ့ရမယ့်အပြင် အမေနဲ့သမီးရဲ့ဆက်ဆံရေး ၊ အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်ကြားကပဋိပက္ခတွေကိုလည်း ရင်ထဲထိရလောက်တဲ့အထိ ကြည့်ရှုခံစားရမှာပါ ။အဆုံးကျရင်တော့ အေဇာရဲ့ အတွေးတိုက်ပွဲမှာ ဘယ်ဘက်ကအနိုင်ရမလဲ ။ဒေးဗစ်နဲ့ရော ဘယ်လိုဖြစ်သွားမှာလဲဆိုတာကတော့Turtles all the way down ရုပ်ရှင်ရဲ့ Endingလှလှလေးမှာ အတူတူခံစားကြည့်ကြပါလို့ပဲ အကြံပေးချင်ပါတယ် ။
Log in to post a comment.
No comments yet. Be the first to comment!