အချစ်ဆိုတဲ့အရာဟာ ရက်တွေလတွေနှစ်တွေကြာအောင် ချစ်ကြသည့်တိုင်အောင် အချစ်စစ်ဆိုတာတကယ်ဖြစ်လာနိုင်သလား…… အချစ်စစ်ဆိုတာဟာ အဲ့လောက်အချိန်တွေအများကြီးမကြာနိုင်ပေမယ့်လည်း တစ်ရက်တည်းနဲ့တကယ့်အချစ်ဖြစ်သွားနိုင်တယ်ဆိုတာကို ပေါ်လွင်အောင် ရိုက်ပြထားတဲ့ဇာတ်ကားတကားဖြစ်ပါတယ်…. ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် မိန်းကလေးတွေဆိုရင်အပျော်သာ သဘောထားပြီး အချစ်ဆိုတာကိုအလေးမထားတဲ့ မင်းသား ဂျေဟွန်း(နဲ့ တယောက်တည်းကိုသာ လေးလေးနက်နက်ထားချစ်တတ်တဲ့မင်းသမီး ဆိုဂျန်(Chae-won Moon)ဟာ မိမိတို့ရဲ့အလုပ်ကိစ္စနဲ့အတူ တိုက်တိုက်ဆိုင်ဆိုင်တွေ့ဆုံကြပါတော့တယ်… နှစ်ယောက်စလုံးရဲ့အလုပ်ကိစ္စက နာမည်ကျော်ဘက်စဘော်ကစားသမား ကင်ဂျင်ချွဲဆိုသူကို ရှာဖွေဖို့ပဲဖြစ်တယ်….တရက်တည်းပဲတွေ့ဆုံပြီး ဘက်စကစ်ဘော်ကစားသမားတယောက်ကိုရှာဖွေရင်း တင်္ဂလေးအတွင်းမှာပဲ တယောက်နဲ့တယောက် ဖွင့်ပြောပြလို့မရတဲ့ သံယောဇဉ်တွေဖြစ်သွားတဲ့အခါမှာတော့… မင်းသားကရော သူ့ရဲ့အကျင့်ဆိုးတွေကို ပြင်နိုင်မှာလား… မင်းသမီးကရော သူ့ရဲ့အနှစ်နှစ်အလလချစ်ရတဲ့ချစ်သူကိုစွန့်လွှတ်နိုင်မှာလားဆိုတာကို Romance ဆန်ဆန်နဲ့ ကြည်ကြည်နူးနူးကြည့်ရှုရမယ့် Drama ကားကောင်းတစ်ကားပဲဖြစ်ပါတယ်….
Log in to post a comment.
No comments yet. Be the first to comment!