ဟောင်ကောင်ရဲ့မူးယစ်ရာဇာကြီးခန်းစုချိုင်းဟာ ဟောင်ကောင်မှာ မရှုမလှနှိမ်နင်းခံရတဲ့အတွက် အသက်ဘေးလွတ်မြောက်အောင်ပြေးရင်း ရွှေတြိဂံဒေသ ထိုင်းမြန်မာနယ်စပ်မှာ အခြေချနေရပါတယ်။နိုင်ငံတကာဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် လက်နက်ကိုင်တပ်ကကြီးစိုးတဲ့ ဘိန်းချက်တဲ့ရွာမှာပဲ လုပ်ကိုင်နေရင်း ရွှေတြိဂံဒေသကိုကြီးစိုးနိုင်ဖို့ ကြံစည်ပါတယ်။ ထိုင်းကိုလွတ်မြောက်သွားတဲ့ မူးယစ်ရာဇာကြီးကိုဘယ်လိုပြန်ဖမ်းကြမလဲဆိုတာကို တင်ဆက်ပြထားတာပဲဖြစ်ပါတယ်။ မင်းသားကြီးတွေရဲ့ အက်ရှင်တွေ အိုက်တင်တွေကပြောစရာမရှိအောင်ပါပဲဆိုတဲ့အတွက် မူးယစ်ဂိုဏ်းသူလျိုကားတွေကိုကြိုက်နှစ်သက်တဲ့ အက်ရှင်ပရိသတ်ကြီးအတွက် ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။
Log in to post a comment.
No comments yet. Be the first to comment!