Part 1 မှာကတည်းက ဟိုးလေးတကျော်ကျော်နဲ့ ပရိသတ်တွေ သဘောကျခဲ့တဲ့ Alienoid ကတော့ Part 2 ထွက်လာပါပြီဒီတစ်ခါမှာဆိုရင်တော့ Part 1 မှာ အပြီးသတ် မရှင်းလင်းနိုင်ခဲ့တဲ့ ကမ္ဘာမြေပေါ်က ဂြိုဟ်သားအကျဉ်းသားတွေကို သုတ်သင်ပစ်ဖို့ ကြိုးစားသွားကြတော့မှာပါဂိုလျောခေတ်ထိ လိုက်လံဒုက္ခပေးခဲ့တဲ့ ဒီအကျဉ်းသားတွေကို အနာဂတ်မှာပါ ပျောက်ကွယ်သွားစေဖို့ ဘယ်သူတွေက ဘယ်လိုကြိုးစားသွားမလဲဆိုတာကိုတော့ ပရိသတ်ကြီးကိုယ်တိုင်ပဲ ခံစားကြည့်ရှုဖို့ ပြောချင်ပါတယ်Korea Sci-Fi နယ်ပယ်မှာ ကျေနပ်စရာကောင်းတဲ့ CGI တွေအပြင် Kim Tae-Ri, Kim Woo-Bin, Ryu Jun-Yeol စတဲ့စတဲ့ တကယ့်ထိပ်တန်းသရုပ်ဆောင်တွေကိုပဲ သုံးထားတာဖြစ်လို့ Part 1 ကလိုပဲ စိတ်ကျေနပ်မှုကို ရရှိစေမယ်လို့ ထင်ပါတယ်နော်
Log in to post a comment.
No comments yet. Be the first to comment!