အမေရိကရဲ့ Late Night Talk Show အစီအစဉ်တွေကြည့်ဖူးကြမယ်ထင်တယ်.. Celebrity တွေကိုဖိတ်ခေါ်ပြီးစကားတွေအပြန်အလှန်ပြော အင်တာဗျူးကြတဲ့အစီအစဉ်ပေါ့ ဒီ Late Night Show ကတော့.. ပရလောကသားတွေ သဘာဝလွန်ဖြစ်ရပ်ကြုံတွေ့ရသူတွေကို ဖိတ်ခေါ်ပြီး တိုက်ရိုက်တင်ဆက်တဲ့ talk show ပါပဲ…၁၉၇၇ က talk show ပုံစံတွေအတိုင်း ဇာတ်တိုက်ထားခြင်းမရှိဘဲ non-stop တင်ဆက်တာပါ…ဒီအစီစဉ်ဟာ ဟော်လိုးဝင်းအထူးအစီအစဉ်ဖြစ်တာကြောင့် Late night with Devil စေတန်နှင့်ညနေခင်း ဆိုပြီး နာမည်ပေးလိုက်ပါတယ်… ဝိဉာဉ်လောကနဲ့ချိတ်ဆက်ပြီး စေတန်ကိုးကွယ်သူတွေကို ဖိတ်ခေါ်တယ်…ပညာရှင် ဖြစ်သူ ကာမိုက်ကယ်ဟေ့ဂ်က တကယ့်ဖြစ်ရပ်မှန်ရင် ဆုငွေ ဒေါ်လာ ၁ သိန်းဆုချမယ်လို့ ကြောငြာလိုက်တာကြောင့် နိုင်ငံအနှံ့စောင့်ကြည့်ရတဲ့အထိ နာမည်အတော်လေးကြီးသွားပါတယ်…အစပိုင်းမှာပျော်စရာကောင်းတဲ့ အစီအစဉ်အဖြစ်တင်ဆက်ရင်း…မသင့်တော်တဲ့ နတ်ဆိုးကြီးတစ်ကောင်ကို လူပေါင်းသိန်းချီကြည့်နေတဲ့ အစီစဉ်ရှေ့မှောက်ကို တိုက်ရိုက်ဖိတ်ခေါ်မိသွားတဲ့ အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကို စင်ပေါ်က ထူးခြားဆန်းကြယ်ဖြစ်ရပ်တွေ…စင်နောက်ကွယ်က ဖြစ်ရပ်မှန်တွေနဲ့ အတော်လေးကြည့်ကောင်းတဲ့ Horror ရုပ်ရှင်တစ်ခုဖြစ်ပါတယ်….
Log in to post a comment.
No comments yet. Be the first to comment!