ဘူလ်ဘူးဆိုတဲ့ ကလေးမလေးဟာ မင်းဆွေမင်းမျိုး အိမ်တော်တစ်ခုမှာ သတို့သမီးအဖြစ်ရောက်လာပါတယ်။ ဒါပေမယ့် သူလက်ထပ်ရမယ့် အသက်တွေကြီးတဲ့ သတို့သားကို မနှစ်သက်ဘဲ သတို့သားရဲ့ ညီ သူနဲ့ ရွယ်တူလို ဖြစ်နေတဲ့ စတြာကိုပဲ ခင်မင်နှစ်သက်မိခဲ့တယ်။ စတြာဟာ လန်ဒါကို ဥပဒေပညာသင်ဖို့ ထွက်သွားပြီး နှစ်ပေါင်းများစွာကြာတဲ့အခါမှာ ရွာကို ပြန်လာတော့ ဘူလ်ဘူးဟာပြောင်းလဲနေခဲ့ပါပြီ။ ပြီးတော့ ရွာထဲမှာလည်း ခြေကလိမ်စုန်းမလို့ နာမည်ကြီးတဲ့ ပုံပြင်ထဲက စုန်းမတစ်ယောက်က လူတွေကို လိုက်သတ်နေတဲ့အမှုတွေလည်း ဖြစ်နေပြီး စတြာက ဒါကို လိုက်စုံစမ်းတဲ့အခါမှာ….
Log in to post a comment.
No comments yet. Be the first to comment!