ထိုင်ဝမ်ကျွန်းကို ဂျပန်က နှစ်ငါးဆယ် ကိုလိုနီပြုထားတဲ့ ကာလအတွင်း ကို ဇာတ်အိမ်တည်ထားပါတယ်နှစ်ငါးဆယ်အတွင်း ဌာနေတိုင်းရင်းသားတွေရဲ့ ပုန်ကန်မှုတွေထဲကမှဆီးဒစ်ဘာလေ လူမျိုးစု ပုန်ကန်မှုကို အဓိက ပြထားတာပါဒီလူမျိုးစုက ၁၆ ရာစုမှာ ဟန်လူမျိုးတို့ ထိုင်ဝမ်ဖော်မိုဆာကျွန်းကို အခြေမချခင် နှစ်ငါးထောင်ကျော်တည်းက နေလာခဲ့တဲ့ လူမျိုးစုလည်း ဖြစ်ပါတယ်ထိုင်ဝမ်ကျွန်းက ဌာနေတိုင်းရင်းသားများစွာထဲမှာမှ ဆီးဒစ်တိုရဲ့ ဘဝအပေါ်ခံယူမှု၊ လူမှုဓလေ့ ၊ စားဝတ်နေရေးအတွက် အမဲလိုက်ကြပုံ ၊ကိုယ့်ဒေသ အပေါ် ချစ်ခင်တွယ်တာ တန်ဖိုးထားမှုတွေကို တွေ့ရမှာပါဒီလို ကိုယ့်ရေမြေကို ကျူးကျော်လာပြီး ကိုယ့်လူမျိုးတွေကို ဖိနှိပ်လာတဲ့ အခါမှာ ရသမျှအင်အားနဲ့ဂျပန်ထောင်ပေါင်းများစွာကို တွန်းလှန်ပြီး ရဲရင့်မှုကို ပြသခဲ့ကြပါတယ်..“ဒီကျွန်းပေါ်က ချယ်ရီပန်းတွေက နီလွန်းနေလို့များ ဒီလူတွေ ဒီလောက်ရဲရင့်ကြသလား ” _ဗိုလ်ချုပ် ယာဟီကို ကာမာဒါလက်နက်၊ လူအင်အား ကွာသော်လည်း ငါတို့က ဆီးဒစ်ဘာလေ လူမျိုးတွေပဲလို့ အသက်သေတဲ့အထိရဲရင့်ဂုဏ်ယူစွာ တိုက်ခိုက်သွားကြတဲ့ လူမျိုးစု တစုအကြောင်း ရှုစားကြည့်ကြပါအပိုင်း တစ်ပိုင်းစီကို ၂နာရီကျော် ကြာမြင့်ပြီး လူမျိုးစု သီချင်း ၊ တောတောင်အလှတွေနဲ့သွေးထွက်သံယို အခန်းတွေလည်း အလွန်ပီပြင်လှပါတယ်သီချင်းသံ ၊ တိုက်ခိုက်ဖို ညာသံပေးသံ တွေမှာ ကြက်သီးပါ ထရပါတယ်ဆုပေါင်းများစွာရရှိခဲ့တဲ့ဇာတ်ကားမို့ လက်မလွတ်တမ်းကြည့်ရှုရမယ့်ဇာတ်ကားပါ။(ယခင်က ဒီဇာတ်ကားကို တင်ဆက်ဖူးပေမယ့် အကျဉ်းချုံး Version ဖြစ်နေတာမို့အခု Original Full Version အဖြစ် အပိုင်း(၂)ပိုင်းနဲ့တင်ဆက်လိုက်ပါတယ်။တစ်ပိုင်းကို ၂ နာရီခွဲနီးပါးတွေမို့ စုစုပေါင်း ၄ နာရီခွဲကျော်ကြာမြင့်မှာဖြစ်ပါတယ်။)
Log in to post a comment.
No comments yet. Be the first to comment!