အနာဂတ်နှစ်ပေါင်း၂၀၀၀၀ကျော်မှာ အခြေပြုထားတဲ့ ခေတ်လွန် Dune Universeထဲမှာ Known Universeကိုအုပ်ချုပ်နေတဲ့ Emperorဆိုတာရှိပြီး သူတို့ရဲ့လက်အောက်မှာတော့ Housesတွေက နယ်မြေအသီးသီးကို အုပ်ချုပ်ပါတယ်။ဒီဇာတ်လမ်းရဲ့ အဓီကအကြောင်းရင်းကတော့ HouseHarkonnenတွေ နှစ်ပေါင်း၈၀ကြာအောင် အုပ်ချုပ်လာတဲ့Planet Dune တဖြစ်လဲ Planet Arrakisကို Emperorရဲ့အထက်အမိန့်အရ House Atreidesတွေကို ပြောင်းလဲအုပ်ချုပ်စေခြင်းကစပါတယ်။ဒါပေမဲ့ Harkonnenတွေဟာ Arrakis ဂြိုလ်ပေါ်ကရတဲ့Spiceဆိုတဲ့အရာကြောင့် ဂြိုလ်ကိုလွယ်လွယ်လက်လွှတ်မခံနိုင်ပါဘူး၊Spiceဆိုတာဟာ Dune universeတစ်ခုလုံးမှာ အဖိုးအတန်ဆုံးအရာပါ၊ Spiceကိုစားသုံးရင် စိတ်အာရုံနိုးကြားကာအသိဉာဏ်ပညာတိုးပွားလာခြင်း၊ သက်ရှည်ကျန်းမာစေခြင်းစတဲ့စွမ်းအားတွေရရှိမှာဖြစ်ပြီး သူ့ကိုလည်း Arrakisဂြိုလ်တစ်ခုထဲမှာပဲ တူးဖော်နိုင်မှာပါ၊ တူးဖော်ခွင့်ရှိတဲ့ Houseဟာလည်းEmperorထက်တောင် ပိုပြီးချမ်းသာသွားမှာပါ။ဒါကြောင့်မလို့ နိုင်ငံရေးအရရော၊ စီးပွားရေးအရပါ အချက်အချာဖြစ်နေတဲ့ Duneဂြိုလ်ကို လွှဲပြောင်းယူလိုက်ရတဲ့ House Atreidesအနေနဲ့ House Harkonnenရဲ့ ဒုက္ခပေးလာမှုရော၊Emperorနဲ့ တခြားHouseတွေရဲ့ ရန်စလာမှုကိုပါဘယ်လိုကြံ့ကြံ့ခိုင်ရမလဲ၊House Atreidesရဲ့ သားတော်… အိမ်တော်ရဲ့အနာဂတ်The Oneအဖြစ် တင်စားခံရတဲ့ Paulကရော Atreidesတွေကိုဘယ်လောက်ထိ ခေါင်းဆောင်ပေးသွားမလဲ…… Dune: Part Two (2024) **********************ဇာတ်လမ်းအကျဉ်းDune ဒုတိယမြောက်ရုပ်ရှင်မှာတော့ အေထရီးဒီးအိမ်တော်ကျဆုံးပြီး ပေါလ်အေထရီးဒီးတို့သားအမိဖရေးမန်းတွေနဲ့ပူးပေါင်းမိသွားတာကနေ စပါတယ်။ဖရေးမန်းတွေထဲက ဘာသာရေးယုံကြည်သူတွေအလိုအရအေထရီးဒီးရဲ့ မိခင်က မယ်တော်ကြီးဖြစ်လာပြီးပေါလ်အေထရီးဒီးကလည်း သူ့ကို လီဆန် အာ-ဂါရစ်ဆိုတဲ့ကယ်တင်ရှင်ပရောဟိတ်လို့ ယုံကြည်နေကြသူတွေနဲ့မယုံကြည်ကြသူတွေကို စည်းရုံးပြီး ဟာကွန်နင်အိမ်တော်နဲ့အင်ပါယာကို ဖြုတ်ချဖို့ ကြိုးစားပါတော့တယ်။ ပထမရုပ်ရှင်က ဇာတ်လမ်းအပျိုးမို့ နိုင်ငံရေးနဲ့တိုက်ပွဲအသေးစားတွေပဲပါပေမယ့် ဒီရုပ်ရှင်မှာတော့ အဆုံးအဖြတ်တိုက်ပွဲကြီးတွေဖြစ်လာပြီး နောက်ရုပ်ရှင်အတွက် ပိုကြီးတဲ့တိုက်ပွဲတွေကိုလည်းအစပျိုးသွားပါပြီ။ကြည့်လိုက်ကြပါဦး…..
Log in to post a comment.
No comments yet. Be the first to comment!