ဆိုရှယ်မီဒီယာဟာ ယနေ့ခေတ်ကျွန်တော်တို့ နေ့စဉ်ဘဝမှာ မရှိမဖြစ် အရာတစ်ခုအနေနဲ့ ပါဝင်ပတ်သက်နေတယ်ဆိုတာတော့ ငြင်းလို့ရမယ် မထင်ဘူးဗျ။ မနက်မိုးလင်းမျက်စိဖွင့်လို့ ညအိပ်ယာဝင်သည်အထိ Facebook,Instagram, Twitter အစရှိတဲ့ App မျိုးစုံကိုရည်ရွယ်ချက်မျိုးစုံနဲ့အသုံးပြုနေကြတာပေါ့။ဒါပေမဲ့ ခက်တာက လူအတော်အများဟာ Social Mediaပေါ်က အတုအယောင် lifestyle တွေနဲ့ influencer တွေရဲ့based on fact မဟုတ်တဲ့ အတွေးအမြင်တွေကို အမှန်လို့ယူဆလာကြပြီး ကိုယ့်ကိုယ်ကို အားမလိုအားမရဖြစ်တဲ့စိတ်တွေမလုံလောက်တဲ့စိတ်တွေ တဖြည်းဖြည်း စိမ့်ဝင်လာကြပါတယ်။ဒီကားထဲက Riley ဟာလည်း ခန္ဓာကိုယ်ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီးမူမမှန်တဲ့ စိတ်ရောဂါတစ်ခုရှိနေတာပါ။ မော်ဒယ်တွေရဲ့ကျော့ရှင်းလှတဲ့ပုံတွေကို မြင်တိုင်း တခြားမိန်းကလေးတွေကိုမြင်တိုင်း သူ့ကိုယ်သူနဲ့ နှိုင်းယှဉ်ပြီး စိတ်ကျရောဂါ ခံစားနေရတဲ့သူပေါ့။ပြန်ထည်ထူထောင်ရေးစခန်းက ပြန်ထွက်လာပြီး ဘဝကိုအသစ်က ကြိုးစားရှင်သန်တော့မဲ့နေရာကနေ ဇာတ်လမ်းကိုအစပျိုးထားပါတယ်။ဇာတ်လမ်းကို ငြိမ့်ငြိမ့်လေး ခံစားရမယ်။သင်ခန်းစာတချို့လည်းရမယ်ဆိုတော့ သေချာပေါက်ရွေးချယ်ကြည့်ရှုသင့်တဲ့ ဇာတ်ကားလို့ ထင်ပါတယ်ဗျာ။
Log in to post a comment.
No comments yet. Be the first to comment!