ချီကာဂိုမှာ လူ ၅ ယောက်ကို သတ်ပြီး ခန္ဓာကိုယ်တွေ ဖြတ်တောက်ပြီး ဘာသာရေးဆိုင်ရာ သင်္ကေတတွေ ထားခဲ့တဲ့ ကွင်းဆက်လူသတ်မှု ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တရားခံကို ဖမ်းဆီးအရေးယူနိုင်ခဲ့ခြင်း မရှိပါဘူး။ နောက် ၅ နှစ်အကြာ စကော့တလန်မှာ အဆိုပါကွင်းဆက်လူသတ်မှုနဲ့ ဆင်တူတဲ့ ပုံစံမျိုးနဲ့ ကောင်မလေး နှစ်ယောက် အသတ်ခံရတဲ့အမှု ဖြစ်လာပါတော့တယ်။ လောဆန်ဟာ ချီကာဂိုရဲဌာနက ဖြစ်ပြီး အဆိုပါ ကွင်းဆက် လူသတ်မှုကို ကိုင်ခဲ့တဲ့ စုံထောက်ပါ။ အသတ်ခံလိုက်ရတဲ့သူထဲမှာ သူ့ရည်းစားလည်း အပါအဝင်မို့လို့ လူသတ်သမားကို အရမ်းဖမ်းချင်နေတဲ့သူပါ။ အဲဒါနဲ့ စကော့တလန် ရဲဌာနလည်း ချီကာဂို ရဲဌာနကို အမှုအတွက် ဆက်သွယ်ပြီး အကူအညီတောင်းတာမို့ အမှုအတွက် ကူညီပေးဖို့ လောဆန်ကို လွှတ်လိုက်ပါတယ်။ လောဆန်နဲ့ စကော့တလန်ရဲဌာနတို့ လူသတ်သမားကို ဖော်ထုတ်နိုင်မလား၊ ချီကာဂိုနဲ့ စကော့တလန်ကလူသတ်မှုတွေ ဘယ်လိုဆက်စပ်နေမလဲဆိုတာ ရုပ်ရှင်ထဲမှာ ဆက်ကြည့်လိုက်ပါဦး။
Log in to post a comment.
No comments yet. Be the first to comment!