အော်ဘရေဆိုတဲ့ကောင်မလေးဟာ ကျောင်းမှာရော မိသားစုမှာပါမထင်မရှားကောင်မလေးတစ်ယောက်ဖြစ်ပါတယ်သူ့နေ့စဉ်ဘဝတွေကို ရိုးရိုးရှင်းရှင်းဖြတ်သန်းလာရင်းနဲ့သူငယ်ချင်းဖြစ်သူ ဂရေ့စ် ဆုံးပါးသွားပြီတဲ့နောက်မှာတော့ကမောက်ကမတွေဖြစ်ကုန်ပါတော့တယ် နေ့စဉ်နေထိုင်မှုမှာအသုံးပြုနေတဲ့ အသံလှိုင်းတွေ ရေဒီယိုလှိုင်းတွေကြားထဲမှာမြှုပ်နှံထည့်သွင်းထားတဲ့ အချက်ပြမှုတစ်ခုနောက်ကိုသူသူ့ငယ်ချင်းဖြစ်သူတစ်သိုက်ကလိုက်နေခဲ့ကြတာပါကမ္ဘာကြီးရဲ့ပျက်ကပ် နီးကပ်လာပြီးဒီလိုတွေဖြစ်ရတဲ့ အကြောင်းအရင်း ဗဟိုချက်မှာ သူ့ကိုယ်သူ ရောက်မှန်းမသိရောက်ရှိနေကြောင်း သူအံ့အားတသင့်နဲ့ သိရှိလိုက်ရပါတယ်သူ့မှာရှိတာဆိုလို့ ဝေါ်ကီတော်ကီတစ်ခုနဲ့ တစ်ဖက်ကဘယ်သူမှန်းမသိတဲ့လူတစ်ယောက်ပါပဲတဖက်ကခိုင်းတာတွေကို လိုက်လုပ်နေရင်းနဲ့ အချက်ပြမှုတွေကိုချိတ်ဆက်နိုင်စွမ်းရှိတဲ့လူက သူတစ်ယောက်တည်းပဲ ရှိတယ်ဆိုတာသူသဘောပေါက်သွားပါတယ်သူအကုန်ချိတ်ဆက်နိုင်ပါ့မလားနောက်ကွယ်က အဓိပ္ပာယ်ကို ဖော်ထုတ်နိုင်ပါ့မလားကမ္ဘာကြီးကိုကယ်တင်နိုင်ပါ့မလား စီစဉ်ထားသလိုတွေ ဖြစ်လာပါ့မလား ဆိုတာဒီကားမှာကြည့်ရှုရမှာပဲဖြစ်ပါတယ်
Log in to post a comment.
No comments yet. Be the first to comment!