လူသေရာကနေစတဲ့ မှုခင်းဇာတ်လမ်း။ နယ်ပယ်အသီးသီးက ဇာတ်ကောင်တွေကို တစ်ယောက်ချင်းမိတ်ဆက်ပေးပြီးတစိမ့်စိမ့် ကြည့်လို့ကောင်းမဲ့ တစ်စချင်းဆီ ဆွဲထုတ်ပြတဲ့ ရုပ်ရှင်မျိုးပါပဲ။ကျိကျိတက်ချမ်းသာတဲ့ အထက်တန်းစားတွေပဲ အသင်းဝင်လို့ရပါတယ်ဆိုတဲ့ ရွိုင်ရယ်ဒေလီကလပ်မှာ လူတစ်ယောက်သေသွားပါတယ်။သေတာကလည်း အလေးမရင်း အလေးပိပြီး လည်ပင်းကျိုးသေသွားတဲ့ ခပ်လွယ်လွယ်အမှုဆိုတော့ ထုံပေပေနေတတ်တဲ့ ရဲအရာရှိကြီး ဘာဟာဗ်နီဆင်းဂ်ကို စုံစမ်းဖို့လွှတ်လိုက်ပါတော့တယ်။ဒီကစလို့ လွယ်မယောက်နဲ့ခက် တိမ်မယောင်နဲ့နက်ဆိုသလိုပဲ တစတစနဲ့ စိတ်ဝင်စားဖွယ်ကြည့်ရှုကြရမှာပါ။
Log in to post a comment.
No comments yet. Be the first to comment!