အမေရိကန်ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ကတ်သီဟာဒီမိုကရာလို့ခေါ်တဲ့ပုဂ္ဂလိကကန်ထရိုက်တာအတွက်ကုလသမဂ္ဂနိုင်ငံတကာရဲတပ်ဖွဲ့နဲ့အတူ ဘော့စနီးယားမှာတာဝန်ထမ်းဆောင်ဖို့ကမ်းလှမ်းချက်ကိုလက်ခံခဲ့ပါတယ်။ဘော့စနီးယားကို ကတ်သီရောက်လာချိန်မှာတော့လိင်ပိုင်းဆိုင်ရာခေါင်းပုံဖြတ်နေတဲ့ ဒေသခံလူကုန်ကူးမှုအဖွဲ့တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒီအဖွဲ့ဟာ တကယ်တော့ဒီမိုကရာကဝန်ထမ်းတွေကို ဝန်ဆောင်မှုပေးနေရတာဖြစ်ပြီးဒီရဲတွေကိုယ်တိုင်က လူကုန်ကူးမှုမှာပါဝင်နေတာကိုအံ့အားသင့်ဖွယ်သိရှိလိုက်ရပါတယ်။ ကတ်သီက ဒီအဖွဲ့ကိုနှိမ်နှင်းဖို့ကြိုးစားခဲ့တဲ့အတွက် အလုပ်ဖြုတ်ခံခဲ့ရပြီး နိုင်ငံတွင်းကနေလည်း နှင်ထုတ်ခံခဲ့ရပါတယ်။ နည်းလမ်းရှာမရတော့တဲ့အဆုံးမှာ ကတ်သီက ဒီအကြောင်းအရာတွေကို ဒီမိုကရာအခြေစိုက်ရာဗြိတိန်မှာ ဘီဘီစီသတင်းဌာနကိုဖွင့်ချခဲ့ပြီးမတရားအလုပ်ဖြုတ်ခံခဲ့ရတဲ့အတွက်လည်း ဒီမိုကရာကိုအမှုအနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
Log in to post a comment.
No comments yet. Be the first to comment!