ရေဝိုင်ယာမှာ အစိုးရရယ် တော်လှန်ရေးတပ်တွေရယ် အကြမ်းဖက်သမားတွေရယ် ကြောင့် ပြည်တွင်းစစ်ဖြစ်ပေါ်လာတဲ့ အချိန်မှာ ရေဝိုင်ယာမှာရှိတဲ့ တရုတ်ပြည်သူပြည်သားတွေက ပိတ်မိနေပါတော့တယ်ဒီလို ပိတ်မိနေတာကို အနားမှာရှိနေတဲ့ တရုတ်ရေတပ်သင်္ဘောကို ကယ်ထုတ်ဖို့ တာဝန်ပေးအပ်တော့တာပေါ့။ ရေတပ်သင်္ဘောကလည်း သူ့ရဲ့အတော်ဆုံးကွန်မန်ဒို တပ်ဖွဲ့ကိုစေလွှတ်ပြီးဓားစားခံတွေကိုကယ်တင်ခိုင်းပါတယ်။ဒီအချိန်မှာပဲ ရှီနန် ဆိုတဲ့ တရုတ် ပြင်သစ် သတင်းထောက်မလေးကလည်း ရေဝိုင်ယာက စွမ်းအင်ကုမ္ပဏီမှာ သုတေသနခေါင်းဆောင်ဖြစ်တဲ့ ဝီလီယန်က ယူရေနီယမ် တူးဖော်ပြီး ကိတ်ဝါ (ယူရေနီးယား) အဖြစ် သန့်စင်ကာ ဗုံးလုပ်ဖို့ ကြံစည်နေတယ်ဆိုတာကု်ဖော်ထုတ်တွေ့ရှိထားပါတယ်။ဒီတော့ သူလည်း ဒီကိစ္စကိုစုံစမ်းတာပေါ့။ဒါပေမဲ့ ဇာကာ အကြမ်းဖက်သမားတွေက ဝီလီယန်ကော သူတို့ကုမ္ပဏီက တရုတ်ဝန်ထမ်းကောကို ဖမ်းဆီးသွားပါတော့တယ်။ဒီလိုနဲ့ပဲ ရေဝိုင်ယာ အစိုးရကလည်း အကူညီမပေးနိုင်တဲ့ အပြင် ကိုယ့်ဘာသာ ဇာကာ အကြမ်းဖက်သမားရာချီနဲ့ ယှဉ်ပြီး တရုတ်ဓားစားခံတွေကိုကယ်ထုတ်ဖို့ ဖြစ်လာပါတယ်။နိုင်ငံတစ်ခုလုံးမှာ သောင်းကျန်းနေတဲ့အကြမ်းဖက်သမားတွေကိုတော့ ကပ္ပတိန်ရန်နဲ့ သူ့လူလေးတွေက ရင်ဆိုင်ပြီး ဓားစားခံတွေကိ တရုတ် ရေတပ်သင်္ဘောမထွက်ခွာခင် အချိန်မှီ ကယ်ထုတ်လာရမှာပါ။အစကတော့ ဒီလို အစီစဉ်တွေဆွဲထားပေမဲ့ မမျှော်လင့်ထားတာတွေ ဖြစ်လာတဲ့အခါမှာတော့ သူတို့ ဘယ်လို ရအောင် ကယ်ထုတ်မလဲ ဆိုတာကိုစိတ်ဝင်တစားကြည့်ရမှာပါ။ဒါ့အပြင် သတင်းထောက်မလေး ရှီနန်နဲ့တွေ့ပြီး ကိတ်ဝါ(ယူရေးနီးယား) ကိစ္စကိုပါ သိလိုက်ရတဲ့ အချိန်မှာတော့…..ကိုယ်နဲ့ မရင်းနှီးတဲ့ နိုင်ငံတစ်ခုမှာ ကိုယ့်လူလေးလက်တစ်ဆုပ်စာနဲ့ ရာချီတဲ့ မိုက်ရူးရဲ အကြမ်းဖက်သမားတွေလက်ထဲကနေ ဓားစားခံတွေကို အချိန်မှီ ဘယ်လို ကယ်ထုတ်မလဲ ဒါ့အပြင် အားလုံးကို ခြိမ်းခြောက်လာနိုင်တဲ့ ကိတ်ဝါ (ယူရေနီးယား) ကိစ္စကိုကော ဘယ်လိုရှင်းမလဲဆိုတာကိုတော့ရုပ်ရှင်ကိုပဲ ဆက်လက်ရှု့စားလိုက်ပါဗျာ။
Log in to post a comment.
No comments yet. Be the first to comment!