“ကြီးမားတဲ့အောင်မြင်မှုက သေးသေးလေးကနေပဲ စတင်တယ်”တစ်ခုကိုလိုချင်ရင် တစ်ခုပေးဆပ်တတ်ရတာမို့ လွတ်လပ်ရေးလိုချင်လို့ အသက်ပေးခဲ့ရသူတွေဒုနဲ့ဒေးဖြစ်နေတဲ့ အင်္ဂလိပ်တွေအုပ်စိုးနေတဲ့ ဗြိတိသျှအင်ပါယာတစ်ခေတ်မှာပေါ့။ အူရှာက အိန္ဒိယဘက်တော်သားဖြစ်ပြီး တစ်အိမ်တည်းနေတဲ့ သူ့အဖေကတော့ အင်္ဂလိပ်ဘက်တော်သားပါ။ တရားသူကြီးလည်းဖြစ် အင်္ဂလိပ်တွေက ကားအကောင်းစားကြီးလည်း ချီးမြှင့်ထားတော့ တစ်ဖက်စွန်းရောက်ဖြစ်ပြီး အိန္ဒိယသားတွေရဲ့ လှုပ်ရှားသူတွေဆို ရွံမုန်းနေသူတစ်ယောက်ပေါ့။သတင်းမှန်ပြန်ကြားဖို့နဲ့ ပြည်သူတွေ စိတ်အားထက်သန်လာပြီး တိုင်းပြည်ကို ဖိနှိပ်နေတဲ့ အင်္ဂလိပ်နယ်ချဲ့တွေကို တော်လှန်ဖို့ အူရှာတို့အဖွဲ့ ကွန်ကရက်ရေဒီယိုဆိုတဲ့ ရေဒီယိုအသံလှိုင်းတစ်ခု ထုတ်လွှင့်ဖို့ ကြိုးစားပါတော့တယ်။ ဒီလိုအခက်အခဲတွေကြားက ဉာဏ်အရမ်းပြေးတဲ့ အူရှာလေးတစ်ယောက် အိန္ဒိယလွတ်လပ်ရေးအတွက် ရွပ်ရွပ်ချွံချွံကြိုးပမ်းပုံတွေ အိန္ဒိယနိုင်ငံသားတွေရဲ့ အနစ်နာခံပုံတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။
Log in to post a comment.
No comments yet. Be the first to comment!