အဖေရယ် အမေရယ် သားလေးရယ် သမီးလေးရယ်နဲ့ပျော်ပျော်နေတတ်တဲ့ မိသားစု(၄)ဉီးရှိတယ်….သာမန်လူတန်းစားဖြစ်ကြသလို သိပ်ချစ်ကြတဲ့မိသားစုလေးပေါ့… တစ်နေ့တော့ မိခင်နဲ့ဖခင်ကို လူဆိုးဂိုဏ်းက ဖမ်းခေါ်သွားတယ်…ကြည့်ရတာ ဒီလင်မယား(၂)ဉီးဟာတစ်ချိန်က လူဆိုးတွေနဲ့ပတ်သက်မှုရှိတဲ့ ကြေးစားတွေဖြစ်ပုံရတယ်….အိမ်ထောင်ပြုပြီးကလေးတွေနဲ့ ဇာတ်မြှုတ်နေပုံပါပဲ…ရုတ်တရက်ကြီးအဖမ်းခံလိုက်ရတော့အိမ်မှာ သဲလွန်စလေးတွေပဲချိန်ထားနိုင်တော့တယ်…သား၊သမီးတွေပြန်ရောက်တော့အဖေ၊အမေရဲ့သွေးပါတဲ့သူတွေပီပီ ချန်ခဲ့တဲ့သဲလွန်စတွေကိုလေ့လာရင်းမိဘ(၂)ပါးဒုက္ခရောက်နေပြီကိုသိတဲ့နောက် လိုက်လံကယ်ဆယ်ဖို့ကြိုးစားပါတော့တယ်…မိဘတွေက အတိတ်မှာ ဘာတွေလုပ်ခဲ့လို့လဲ..လူဆိုးဂိုဏ်းကရော ပြန်ပေးဆွဲပြီး ဘာတွေခိုင်းဖို့ကြိုးစားတာလဲ…သားသမီးတွေကလည်း ကယ်ဆယ်ဖို့ကြိုးစားတာ အဆင်ပြေနိုင်ကြပါ့မလား…ဒီကားက အတော်လည်းစိတ်ဝင်စားဖို့ကောင်းသလိုရယ်လည်းရယ်ရပါတယ်…အက်ရှင်ခန်းတွေဆိုလည်း တော်တော်ကြီးကိုအားရစရာကောင်းတာပါ..
Log in to post a comment.
No comments yet. Be the first to comment!