အဖေဖြစ်သူ အသတ်ခံလိုက်ရတဲ့အတွက် အမေတစ်ခုသားတစ်ခုရယ်နဲ့ ရှင်သန်နေရတဲ့ သားတစ်ယောက်။အမေဖြစ်သူရော ချစ်သူရောက ခက်ထန်ကြမ်းတမ်းတဲ့သူ့ကို ရန်မဖြစ်ဖို့ အကြိမ်ကြိမ်တိုက်တွန်းနေရတာပါ။ရေအောက်မှာရှိနေတဲ့ နတ်ဆိုးပိုင်ဆိုင်တဲ့ပစ္စည်းတစ်ခုကြောင့် ကျိန်စာသင့်နေတဲ့စမ်းချောင်းကို ကာကွယ်ရမယ်ဆိုတဲ့သူသေချာနားမလည်တဲ့ အမှာစကားတစ်ခု။လူတစ်စုက နိုင်ထက်စီးနင်းနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ လုပ်လာတဲ့အခါ လက်ရဲဇက်ရဲနိုင်တဲ့လူတစ်ယောက် အမေနဲ့ချစ်သူစကားကိုဆန့်ကျင်ပြီး တွန်းလှန်မှာလား။ အတိတ်ကလျှို့ဝှက်ထားတဲ့အရာတွေကိုရော ဘယ်လိုသိလာရမလဲဆိုတာခံစားကြည့်ရှုကြပါဦး။
Log in to post a comment.
No comments yet. Be the first to comment!