အားလုံးပဲ ဗန်ပိုင်းယားဆိုတာ တကယ်ရှိတယ်လို့ ယုံကြပါသလား ။နေ့ ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ The Radleys ရုပ်ရှင်ကားထဲမှာတော့ ဗန်ပိုင်းယားဆိုတာ မိသားစုလိုက် မျိုးရိုးလိုက်ပြီးဖြစ်တဲ့ အခြေအနေတစ်ခုပါတဲ့ ။တစ်မိသားစုလုံး ဗန်ပိုင်းယားတွေ ဖြစ်နေတဲ့ ရက်ဒလေ မိသားစုဟာသာမန်နဲ့ တူအောင် အတတ်နိုင်ဆုံး ထိန်းသိမ်းပြီး လူယောင်ဆောင်နေကြတာဖြစ်ပါတယ် ။ ဒီလိုကနေ တစ်ရက်မှာတော့ ကိုယ့်ကိုယ်ကိုယ်ဗန်ပိုင်းယားမှန်း မသိသေးတဲ့ သမီးဖြစ်သူ ကလာရာက ပါတီမှာတွေ့တဲ့ ကောင်လေးတစ်ယောက်ကို ကိုက်သတ်ပစ်ပါတော့တယ် ။သမီးဖြစ်သူ အမှုပတ်ပြီး ထောင်နန်းစံရမှာ စိုးရိမ်တဲ့ မိဘနှစ်ပါးကလည်းဦးလေးဖြစ်သူ ဝီလ်ကို လှမ်းခေါ်ပြီး အလောင်းဖျောက်ဖို့ အကူအညီတောင်းရပါတယ် ။ ဒါပေမဲ့ ဝီလ် နဲ့ ကလေးတွေရဲ့အမေဖြစ်သူဟယ်လင်ရဲ့ ဇာတ်ကြောင်းက ထင်သလောက် မရိုးရှင်းတဲ့အခါလင်မယားကြားမှာ ဘာတွေဖြစ်လာမလဲ ။ ရက်ဒလေမိသားစုရဲ့နေထိုင်ပုံနဲ့ အများကြီး ကွာခြားနေတဲ့ ဝီလ်ဟာ ကလေးတွေအတွက်မကောင်းတဲ့ နမူနာတစ်ခု ဖြစ်လာတဲ့အခါ ကလေးတွေ အတုခိုးမှားပြီးဘာတွေ ဖြစ်လာကြမလဲ ဆိုတာကိုတော့ The Radleys ရုပ်ရှင်မှာအားလုံး ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် ။
Log in to post a comment.
No comments yet. Be the first to comment!