လစ်ဒီရာဆိုတဲ့ အမျိုးသမီးဟာ သရဲတွေကို မြင်နိုင်တွေ့နိုင် စကားပြောနိုင်တယ်လို့ နာမည်ကြီးပြီး သူ့ရဲ့ ရှိုးအစီအစဉ်တွေကလည်း အရမ်းကိုလူကြိုက်များပါတယ်။ သူ့ရဲ့အစွမ်းကိုအလိမ်အညာတွေလို့ပဲ သတ်မှတ်ထားတဲ့ သူ့ရဲ့သမီးနဲ့တော့ သိပ်မသင့်မြတ်ပါဘူး။ လစ်ဒီရာရဲ့ ခင်ပွန်းကလည်း သေသွားတာကြာပြီဖြစ်ပေမဲ့ လစ်ဒီရာက သူ့ကိုမမြင်ရဘူး ရှာမတွေ့ဘူးဆိုတာကြောင့်လည်း သူ့ရဲ့သမီး အက်စထရစ်က မယုံတာပါ။ ဒီလိုနဲ့ တစ်နေ့မှာ လစ်ဒီရာရဲ့ အဖေ ဆုံးသွားတာကြောင့် ဈာပနလုပ်ဖို့ အိမ်ပြန်လာခဲ့ပါတယ်။ အဲဒီအိမ်မှာပဲ လစ်ဒီရာတစ်ယောက် သူ့ကို လက်ထပ်ချင်နေတဲ့ နတ်ဆိုးတစ်ကောင်နဲ့ ရင်ဆိုင်ရသလို လစ်ဒီရာရဲ့သမီး အက်စထရစ်ကလည်း ကောင်လေးတစ်ယောက်နဲ့ ခင်မင်ပြီး ချိန်းတွေ့မိရင်း တမလွန်လောကကို မတော်တဆ ရောက်သွားခဲ့ပါတယ်။ အက်စထရစ်ကို ကယ်ဖို့နဲ့ နတ်ဆိုးလက်ကနေ အလွတ်ရုန်းဖို့ လစ်ဒီရာတစ်ယောက် ဘယ်လို ကြိုးစားမလဲဆိုတာ မြင်ရမှာပါ။
Log in to post a comment.
No comments yet. Be the first to comment!