Goreng ဆိုတဲ့လူဟာ သဘောတူညီချက်တစ်ခုနဲ့ အကျဉ်းထောင်တစ်ခုကို လေ့လာဖို့ရောက်ရှိလာပါတယ်..ဒေါင်လိုက်ဖန်တီးထားတဲ့ အကျဉ်းထောင်တစ်ခု၊တစ်ဆင့်ချင်းစီက အကျဉ်းခန်းတွေမှာ လူနှစ်ယောက်စီကိုနေရာချပေးတဲ့ ငရဲတွင်းပေါက်ကြီး……သာမန်ထောင်မဟုတ်ဘဲ လူတွေရဲ့ စိတ်တွေဝိဉာဉ်တွေကိုချေမွှထားတဲ့ လောဘတွေနဲ့လှောင်ပိတ်ထားတဲ့ ငရဲ။Goreng တစ်ယောက် အဲ့ဒီနေရာမှာ ရှင်သန်နိုင်ဖို့ ဘယ်လိုကြိုးစားမလဲ။အဲ့ဒီနေရာရဲ့ အဓိကရည်ရွယ်ချက်ကဘာလဲ။ကျဉ်းကျပ်ခက်ခဲတဲ့အခြေအနေစနစ်ကိုလိုက်ပြီး လူတွေရဲ့စိတ်တွေ ပြောင်းလဲတာတွေ…အခြေအနေဘယ်လိုပဲဖြစ်ဖြစ် လူသားဆန်ဆန် အဆုံးစွန်ထိ တွန်းလှန်တိုက်ခိုက်တာတွေ…လူလူချင်းထားရှိရမယ့် Sharing is Caring ဓမ္မတွေ…စတဲ့တွေးစရာလေးတွေနဲ့ဒီရုပ်ရှင်ကားကို ထူးဆန်းပြီး ပြောင်မြောက်တဲ့ တင်ဆက်မှုတစ်ခုအဖြစ် အကြိုက်တွေ့ခဲ့ကြပါတယ်။
Log in to post a comment.
No comments yet. Be the first to comment!