၁၉၅၀ ဝန်းကျင်မှာ ဟဲလ်ဘွိုင်း နဲ့ B.P.R.D ( ပရလောက သုတေသန နဲ့ ကာကွယ်ရေး ဗြူရို) ရဲ့ သုတေသန သမား ဘော်ဘီဂျို တို့ဟာ Appalachian Mountains တောင်တန်းတွေဘက်ကို တာဝန်တစ်ခုနဲ့ထွက်လာရင်း စုန်းတွေချည်းပဲ လွှမ်းမိုးနေတဲ့ နယ်တစ်ခုထဲကိုရောက်သွားပါတယ်။ အဲဒီနယ်ထဲကို ပြန်လာတဲ့၊ စုန်းဘဝကနေ ထွက်ပြေးရင်း ဒုက္ခရောက်နေတဲ့လူတစ်ယောက်ကိုကူညီရင်း စုန်းတွေကို လိုက်ပြီး ဝိညာဉ်နုတ်သိမ်းနေတဲ့ စေတန်ရဲ့ လက်ပါးစေ လူကောက်ကွေးကြီးဆိုတဲ့ မိစ္ဆာနဲ့ ရင်ဆိုင်ရပါတော့တယ်။ စူပါဟီးရိုးအက်ရှင်ထက် ဟော်ရာနဲ့ အခြောက်အလှန့်ဘက်ကို များများ အသားပေးထားတာမို့ ဟော်ရာကြိုက်တဲ့သူတွေအတွက် ကြည့်လို့ကောင်းမဲ့ ရုပ်ရှင်တစ်ခုပါပဲ။
Log in to post a comment.
No comments yet. Be the first to comment!